ကြောင်အကောင် ၅၀ ကျော်နဲ့ အိမ်မှာနေသူ


ဗြိတိန်နိုင်ငံက အမျိုးသမီး ဖြစ်ပြီး သူမ အိမ်ထဲမှာ ကြောင်အကောင် ၅၁ ကောင် မွေးလို့ အတူနေထိုင် ပါတယ်။ သူတို့လေးတွေ အတွက်လည်း နေ့တိုင် အစားအစာ ပုံမှန် ထောက်ပံ့ပြီး တစ်ယောက်တည်း နေထိုင်နေခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ BBC ရုပ်သံလိုင်းမှ ဗီဒီယို လာရောက်ရိုက်ကူးခဲ့ပါ သေးတယ်။


သူမကိုယ်တိုင် ဟာလည်း တစ်ချိန်က ကြောင်ကယ်ဆယ်ရေး လုပ်ငန်းမှာ လုပ်ကိုင် ခဲ့ပြီး အလေအလွင့် ဖြစ်နေတဲ့ ကြောင်များကို စုဆောင်းလို့
မွေးမြူရေး ဌာန တစ်ခု ထားရှိခဲ့ ပါတယ်။ ယခုတော့ မွေးမြူရေး ကန့် မှာ မထား တော့ပဲ သူမ အိမ်ထဲမှာပဲ စတင်မွေးထားခြင်း ဖြစ်ပါတယ်။ ကြောင် အကောင် များစွာ မွေးထားခြင်းက အသက်အန္တရယ် စိုးရိမ် ရတယ်လို့ ထင်နေသူများ ကို လုံးဝ မဖြစ်စေကြောင်း သူမဟာ သက်သေပြချင်တာလည်း ပါပါတယ်။

ကြောင်များဟာ ချစ်ဖို့ ကောင်းပြီး သူတို့ရဲ့ စိတ်ထဲအထိတောင် အတွင်းကျကျ သူမ ခံစား နိုင်ကြောင်း ပြောဆိုခဲ့ ပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: