၃၅ ရက်စလုံး၊ မာရသွန်ပွဲ ၃၅ ခု ပြေးသူ



ဗြိတိန်နိုင်ငံမှ Amy Hughes လို့ အမည်ရတဲ့ အမျိုးသမီးဟာ ၃၅ ရက်စလုံး၊ မြို့ ၃၅ မြို့မှာ၊ မာရသွန်ပွဲ ၃၅ ခုကို မနားတမ်း ပြေးခဲ့ ပါတယ်။ ဒါကြောင့်မို့ ကမ္ဘာ့ မာရသွန် အများဆုံး ပြေးနိုင်တဲ့ အမျိုးသမီး အဖြစ် စံချိနတင်ခဲ့ ပါတယ်။


သူမ မာရသွန်ပြေးတဲ့အထဲကနေ ဗြိတိန်ပေါင် ၅၃၀၀၀ ရရှိပြီး ယင်းကို ဦးနှောက်ကင်ဆာ သုတေသန နဲ့အလှူအဒါန်း အဖွဲ့ ဖြစ်တဲ့  Isabelle Lottie Foundation ကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ သူမရဲ့ သူငယ်ချင်းရဲ့ သမီးငယ်လေးဟာ ဦးနှောက်ကင်ဆာ ဝေဒနာ ခံစားနေရပြီး အသက်ရှင်ဖို့ မလွယ်ကူ ပါဘူး။ အသက်ငယ်ရွယ်ပြီး အရွယ်နဲ့မလိုက်အောင် ဦးနှောက် အကြိတ် ကင်ဆာ ဝေဒနာ ခံစားနေရသူများကို ကူညီစေဖို့ တွန်းအားပေး လူသိများစေတဲ့ ပွဲပဲ ဖြစ်ပါတယ်။

သူမရဲ့ လုပ်ဆောင်ချက်ဟာ ကင်ဆာရောဂါ ဝေဒနာ သည်များ အတွက်တင် မကပဲ အမျိုးသမီး တိုင်းအတွက် အားကျ အတုယူစရာ လုပ်ဆောင်ချက် အဖြစ် အသိမှတ်ပြု ခံခဲ့ ရပါတယ်။
.
Ref: metro
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: