စိတ်ထားမတူတဲ့ အမြွှာ ၂ ဦး


မိသားစု တစ်ခုမှာ အတူကြီးပြင်းတဲ့ အမြွှာ ညီအကို နှစ်ဦး ရှိပါတယ်။ ကစားတတ်စ အရွယ်လေးတွေ ဖြစ်ပြီး ရုပ်သာ တူပေမယ့် တစ်ယောက်နဲ့ တစ်ယောက် စိတ်ဓာတ်ပိုင်းဆိုင်ရာ မတူညီကြပါဘူ။ တစ်ယောက်က အဆိုးမြင်စိတ် ရှိသူ ဖြစ်ပြီး တစ်ယောက်က အကောင်းမြင်တဲ့စိတ် ရှိသူ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ စိတ်ကို ကွဲကွဲပြားပြား ပိုသိရအောင် အဖေဖြစ်သူက ဆန်းသပ် ပါတော့တယ်။


အဆိုးမြင်စိတ်ရှိတဲ့ ကလေးရဲ့ အခန်းထဲကို အရုပ်ပေါင်းများစွာ ထည့်ပေးလိုက်ပါတယ်။ အကောင်းမြင်စိတ်များတဲ့ ကလေးရဲ့ အခန်းထဲကိုတော့ မြင်းချေးတွေ ထည့်လိုက်ပါတယ်။ ဒါနဲ့ ပထမ တစ်ခန်းကို ကလေးငယ်လေး ဝင်တော့ ကျယ်လောင်စွာ ငိုပါတော့တယ်။ ဒါနဲ့ အဖေက ဘာဖြစ်လဲလို့ မေးတော့ 'သားကို ဆော့ဖို့ပေးတဲ့ အရုပ်တွေ အကုန်လုံးကို အကုန် ဆော့တတ်အောင် ဘယ်လိုလုပ်ရမလဲ။ သားသူငယ်ချင်းတွေ ဆော့တတ်ရင်သူတို့တွေ သားအရုပ်တွေ သူတို့ ယူသွားနိုင်တယ်။' လို့ဖြေပြီး ငိုသတဲ့။

ဒါနဲ့ အကောင်းမြင်တတ်တဲ့ ကလေးရဲ့ အခန်းကကို ဝင်တော့ ပျော်ပြီး လှည့်ပတ်ပြေးနေတဲ့ ကလေးကိုတွေ့ပါတယ်။ ဒါနဲ့ ဘာလို့ပျော်နေလဲလို့မေးတော့ 'မြင်းပုလေး တစ်ကောင် သားအခန်းထဲမှာ ရှိနေတယ်ယ ထင်တယ်။ သူနဲ့အတူ ဆော့ရအောင် ခေါ်နေတာပါ' လို့ ဖြေပါတယ်။

သင်ခန်းစာ -

အဆိုးမြင်စိတ်ဖုံးလွမ်းနေတဲ့ လူတစ်ယောက်အတွက် ဘယ်လောက်ပဲ ကောင်းအောင် လုပ်ပေးပေး အကောင်းမြင်ဖို့ လမ်း နည်းပါတယ်။ အကောင်းမြင်စိတ် ရှိသူ တစ်ယောက်ကိုတော့ ဘယ်လိုပဲ မကောင်းအောင် လုပ်လုပ် ဘဝကို ပျော်ရွှင်အောင် သူဖန်တီးတတ်တယ်။ မိမိကိုယ်တိုင် ဘယ်လို လူစား ဖြစ်သင့်တယ်ဆိုတာ အကောင်းဆုံး ရွေးချယ်နိုင်ဖို့ မျော်လင့်ပါတယ်။

အောင်ခမ်း (www.innewsmyanmar.com)

..

0 comments: