အမေရိကန်မှာ ရဲ တစ်ဖြစ်လဲ ပီဇာ ပို့သမား တစ်ဖြစ်လဲ


အမေရိကန်ပြည်ထောင်စု Portland, Oregon မှာ တာဝန်ထမ်းဆောင်တဲ့ ရဲ နှစ်ဦး ဖြစ်ပါတယ်။ ပီဇာ ပို့သမား တစ်ဦးဟာ ဆိုင်ကယ် အက်ဆီးဒန့်ကို တစ်နေရာမှာ ကြုံတွေ့ ရပါတယ်။


ဒါကြောင့်မို့ အက်ဆီးဒန့်ကြောင့် မသွားလာနိုင်တော့တဲ ပီဇာ ပို့သမား အတွက် ပီဇာကို ယူလို့ ပုံမှာ မြင်တွေ့ရတဲ့ ရဲ နှစ်ဦးဟာ အော်ဒါမှာထားသူထံ အရောက် သွားပို့ပေး ပါတော့တယ်။ ထူးထူးဆန်းဆန်းပဲ အိမ်ကို ပီဇာနဲ့အတူ ရဲရောက်လာတော့ အိမ်ရှင်တို့ လန့်သွားပါသေးတယ်။ ဘာအမှုများ ဖြစ်သလဲ ဆိုပြီးတော့ ဖြစ်ပါတယ်။ နောက်တော့မှ ရဲ နှစ်ဦးဟာ အကျိုးကြောင်း ရှင်းပြပြီး မလာနိုင်သူ အတွက် ပီဇာကို အစားပို့ပေးခြင်း ဖြစ်ကြောင်း ပြောတော့မှ အိမ်ရှင် တို့ အံ့သြ မင်သက် ရပါတယ်။ ဒါကြောင့်မို့ တစ်လက်စတည်း ဓာတ်ပုံ ရိုက်လို့ အင်တာနက်ပေါ် တင်ခဲ့တာ လူကြိုက်များခဲ့ ပါတယ်။

အမေရိကန်က ရဲများကို လုံခြုံရေးနဲ့ စည်းကမ်း ထိန်းသိမ်းရေး အပြင် အခြား လူမှုရေး လုပ်ငန်းများ လုပ်ရန် ပါဝင်မှုတို့ကို ပြည်သူတို့က ကြိုဆိုပြီး ဒါကို တစ်စိုက်မတ်မတ် လုပ်သွားမလားတော့ မေးငေါ့လျက် ရှိကြ ပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: