Sharp မှာ ထုတ်လိုက်တဲ့ ဘေးအနားအပါးဆုံး Crystal စမတ်ဖုန်း နှစ်လုံး


Sharp Aquos Crystal နဲ့ Crystal X လို့အမည်ပေးထားတဲ့ စမတ်ဖုန်း နှစ်လုံး ကကို ဂျပန် Sharp Electronic ကုမ္ပဏီမှ ထုတ်လုပ်ပြီး အမေရိကန် ဈေးကွက် သို့ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။


Specification အားဖြင့် ၅ လက်မ အရွယ် မျက်နှာပြင်၊ LTE Network သုံးနိုင်ခြင်း၊ Snapdragon 400 quad-core processor, RAM 1.5GB တို့ ပါဝင်ပြီး OS က 4.4.2 Android ဖြစ်ပါတယ်။ 8GB Internal ပါဝင်ပြီး microSD သုံးနိုင်မသုံးနိုင် ရေးသား မဖော်ပြထး ပါဘူး။ ဘက်ထရီကတော့ 2040 mAh ရှိပါတယ်။ မျက်နှာပြင်ဘေးဘောင်အနားများ ပါးလွှာမှုက ကမ္ဘာ့စံချိန်တင်ပြီး ကည်လင်ပြတ်သားမှုကတော့ 720p အရည်အသွေး ပါပဲ။

ဖုန်းကို ဈေးကြီး ကျောက်တို့နဲ့ ဖန်တီး ပြင်ဆင်ထားပေးပါသေးတယ်။ ဖုန်း Body တည်ဆောက်ထားမှုလည်း ဒီဇိုင်းကျန လှပ ပါတယ်။ ဈေးနှုန်းကို မဖော်ပြထား ပါဘူး။ အမေရိကန်နဲ့ ဂျပန်တို့မှာ ဦးစွာ ဖြန့်ချိရောင်းပြီး ကမ္ဘာ့ ဈေးကွက် သို့ပါ ရောက်ရှိမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: