စည်းစိမ် အကုန်ခံလို့ ဆောက်ခဲ့ရတဲ့ အမေရိကန်က အိမ်တစ်လုံး


၁၉၅၀ ကျော်လောက်က အမေရိကန်ပြည်ထောင်စုက Southern California မှာ အိမ်တစ်လုံး ဆောက်ခဲ့ ပါတယ်။ ပိုင်ရှင်ဟာ အမေရိကန်ဒေါ်လာ ၇၅၀၀၀ ပဲ အကုန်ကျခံလို့ ဆောက်မယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် ဆောက်ရင်းနဲ့ ကန်ဒေါ်လာ ၁ သန်းကျော်သွား ပါတယ်။ ဒါကြောင့်မို့ သုံးရင်းသုံးရင်းနဲ့ စီးပွားပျက်သွား ပါတယ်။


ဒါနဲ့ ၁၉၇၀ ကျော်မှာ ပိုင်ရှင် နောက်တစ်ဦးထံကို ရောင်းချလိုက်ပါတယ်။ ယင်း ပိုင်ရှင်ဟာလည်း ယင်း အိမ်ကို ဆက်လက် ပြုပြင်မွမ်းမံပြီး ဒီဇိုင်နာ မပြောင်းလဲပဲ ဆက်ဆောက် ပါတယ်။ သတင်းမီဒီယာတွေမှာ အဖော်ပြခံရတဲ့ အိမ်ဖြစ်လာပြီး ဟောလိဝုဒ် ရုပ်ရှင် အများစုမှာလည်း ထည့်သွင်းဖော်ပြ ကြ ပါတယ်။ တောင်စောင်းနေရာကောင်းမှာ ရှိပြီး အိမ်ဒီဇိုင်းဟာလည်း ခေတ်နဲ့ မလိုက်အောင်ကို အင်မတန် အဆင့်မြင့်နေပါတယ်။ ယနေ့တိုင်လည်း အိမ် ဒီဇိုင်းဟာလည်း ကမ္ဘာ့ အထူးခြား အဆန်းသစ်ဆုံးမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။

အိမ်ကို ဈေးကွက်ပေါ် တင်လိုက်ပါပြီ။ အမေရိကန်ဒေါ်လာ ၇.၅ သန်းနဲ့ ရောင်းချမှာ ဖြစ်ပြီး ဓာတ်ပုံများကို http://www.dailymail.co.uk/news/article-2724256/Futuristic-Los-Angeles-mansion-bankrupted-inventor-owner-goes-market-7-5-million.html မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: