ယုံကြည်မှုက အောင်မြင်မှုအတွက် အရေးပါမှု


ပုံမှာ ပြထား သလိုပါပဲ။ မိမိကိုယ်ကို ယုံကြည်မှုဟာ အောင်မြင်မှုတိုင်းအတွက် အရေးပါးဆုံးသော ပထမဆုံးသော့ လျှို့ဝှက်သော့ချက် ဖြစ်ပါတယ်။


လုပ်ငန်း တစ်ခုကိုပဲ စတင်စတင်၊ ရည်ရွယ်ချက် ရည်မှန်းချက် တစ်ခုကိုပဲ စတင် ကြိုးစား အကောင်အထည် ဖော်ဖော်၊ မိမိကိုယ်ကိုယ် ယုံကြည်မှု မရှိသူများက ငါဒါ မလုပ်နိုင်ပါဘူး။ ငါကျရှုံးဖို့ များတယ် ဆိုတဲ့ အတွေးနဲ့ စတင် ပါတယ်။ အဓိက ကတော့ မိမိကိုယ့်ကို အရည်အချင်း ပြည့်ဝမှု ရှိမရှိကိုပါ သံသယ ၀င်ချင် ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့ ဆိုတာ အရင်ဆုံး မိမိ ကိုယ်ကို ယုံကြည်ရတဲ့ လူတစ်ယောက် ဖြစ်မဖြစ်ကို အရင်ဆုံး ဆန်းစစ်ဖို့ လိုအပ် ပါမယ်။ ယင်းအခါ သေချာပြီ ဆိုမှ ရှေ့ဆက် တိုးရန် သင့်လျော်ခြင်း ဖြစ်ပါတယ်။

မိမိကိုယ်တိုင်လည်း ဆန်းစစ်ပြီးပြီ၊ လုပ်ဆောင်ချက် စီမံကိန်းကလည်း အကြောင်း အချက် ခိုင်လုံတယ် ဆိုရင် အရေးကြီးဆုံး လိုအပ်ချက် တစ်ခု ကတော့ မိမိကိုယ်ကိုယ် အောင်မြင်ရမယ်လို့ ယုံကြည်ခြင်း ဖြစ်ပါတယ်။ အကယ်၍ ယင်း အချက်သာ ပြည့်စုံပြီ ဆိုရင် ဘယ်လို အခက်အခဲမျိုးများကို မဆို ရင်ဆိုင်သွားနိုင်ပြီး နောက်ဆုံးမှာ မိမိ မျော်ကိုးတဲ့ ပန်းတိုင် တစ်ခုကို ရောက်ရှိ လာမှာ ဖြစ်ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: