Samsung ရဲ့ ပထမဆုံး Tizen OS သုံး စမတ်ဖုန်း Samsung Z



Samsung ရဲ့ ပထမဆုံး Tizen OS သုံး စမတ်ဖုန်း Samsung Z ကို တရားဝင် ထုတ်ဖော်ပြသလိုက် ပါတယ်။ သူ့ရဲ့ Specification ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။


- 4.8 လက်မ  1280 x 720 Super AMOLED မျက်နှာပြင်
-  2.3GHz quad-core processor
- 2GB of RAM
- 8-megapixel ကင်မရာနှင့် 2.1-megapixel ကင်မရာ
-  16GB of internal storage
- microSD ကဒ် ထပ်ဖြည့်နိုင်
- Tizen OS, version 2.2.1 ကို အသုံးပြုထား ပါတယ်။
- ကင်မရာ
- 2,600mAh ဘက်ထရီ

ဒီတော့ စမတ်ဖုန်းဟာ အရည်အသွေးမြင့် High end စမတ်ဖုန်း အမျိုးအစား များထဲမှ တစ်ခုပါပဲ။ Android OS ကနေ Tizen OS ကို လုံးဝ ပြောင်းလဲသွားဖို့ Samsung က ကြိုးစားနေခြင်း ဖြစ်ပါတယ်။ Tizen OS ကို စမ်းသပ်မှုများ ပြုလုပ် ခဲ့ပြီး စမတ်နာရီတွေမှာတောင် အသုံးပြုခဲ့ပြီး ဖြစ်ပါတယ်။ အနာဂတ်မှာ Samsung ဟာ Tizen ကို အသုံးပြုသွားဖို့ ရှိပါတယ်။ လက်ရှိ Samsung Z ကို ယခုနှစ်ထဲမှာ ရုရှား၊ ဗြိတိန်နဲ့ အမေရိကန် ဈေးတို့မှာ ဦးစွာ ဖြန့််ချိမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: Pocket-lint
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: