အမေရိကန်ဒေါ်လာ ၃၀ ကျော်တန် Mozilla စမတ်ဖုန်း



Browser တွေပဲ ဖန်တီးတယ်လို့ လူသိများတဲ့ Mozilla ဟာ Firefox browser တင်မက ဈေးသက်သာ စမတ်ဖုန်းများကိုပါ ထုတ်လုပ်ပါတယ်။ ကြာပါပြီ။ သို့ပေမယ့် အာရှဈေးကွက်ကို ရောက်ရှိလာတာကတော့ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဈေးကွက်မှာ စတင်ရောင်းချနေပြီ ဖြစ်တဲ့ စမတ်ဖုန်းက Mozilla Intex Cloud FX လို့အမည်ရပြီး အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၃၃ ဒေါ်လာကျော်ပဲ ရှိပါတယ်။ ဒါကြောင့်မို့ မြန်မာငွေနဲ့ တွက်ရင် ကျပ်ငွေ ၃ သောင်း ဝန်းကျင်သာ ကုန်ကျမှာ ဖြစ်ပါတယ်။


ဖုန်းရဲ့ ရည်ရွယ်ချက်က ငွေကြေးသက်သက်သာသာနဲ့ အင်တာနက် အသုံးပြုခြင်း အွန်လိုင်း ဝန်ဆောင်မှုများ အသုံးပြုခြင်းတို့ ပြုလုပ်နိုင်စေဖို့ ဖြစ်ပါတယ်။ Memory 4GB ပါရှိပါတယ်။ Bluetooth, Wi-Fi တို့လည်း ပါဝင်ပါသေးတယ်။ SIM ကဒ် နှစ်ကဒ် ထည့်သုံးနိုင်ပါသေးတယ်။ အာရှဈေးကွက်မှာ SIM ကဒ် နှစ်ကဒ် ထည့်သုံးတဲ့ အလေ့အထ ခေတ်စားတာကြောင့် Firefox ဟာ ယင်းအတွက် ရည်ရွယ်လို့ ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။ ဒီတော့ အိန္ဒိယတင် မက အခြားသော အာရှက နိုင်ငံများထံ ရောက်ရှိလာအုံးမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဆင်းရဲတဲ့ နိုင်ငံတွေကို ရည်ရွယ်ထိုးဖောက်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

Mozilla တင်မကပဲ Nokia ကပါ ဈေးသက်သာ စမတ်ဖုန်းများ ထုတ်လုပ်လို့ Entry level smartphone ဈေးကွက်ကို ရရှိလာနိုင်အောင် ကြိုးပမ်းသွားကြမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (www.innewsmyanmar.com)


0 comments: