ပရင်တာ မဟုတ်ပဲ စားပွဲတင် မုန့်ဖုတ်စက်


ပုံမှာ မြင်တွေ့နေရတဲ့ ပစ္စည်းသေးသေးလေးက စားပွဲတင် မုန့်ဖုတ်စက် ကလေး တစ်လုံး ဖြစ်ပါတယ်။ ကွန်ပြူတာ USB နဲ့ ထိုးပြီး အတွင်းမှာ အလုပ်လုပ်နေတဲ့ အပူချိန်နဲ့ မုန့်အဆင်သင့် ဖြစ်မဖြစ် သတင်းအချက်အလက်များ ကို ပေးနိုင်မှာ ဖြစ် ပါတယ်။


သူကို့ ဗြိတိန်နိုင်ငံက Steve Gates က ဒီဇိုင်းဆွဲ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီဇိုင်းအရသာ ရှိသေးပြီး မကြာမီ ကုန်ပစ္စည်း ကုမ္ပဏီတို့ လက်တွေ့ အကောင်အထည် ဖော်တော့မှာ ဖြစ်ပါတယ်။ စားပွဲပေါ်မှာ တင်ထားလို့ ရမယ့် ပစ္စည်း သေးသေးလေးသာ ဖြစ်ပါတယ်။ ပီဇာလို မုန့်ပဲ ဖြစ်ဖြစ်၊ ပေါင်မုန့်ပဲ ဖြစ်ဖြစ် အပူပေးလို့ ရပါတယ်။ ရမယ့် အပူချိန် အနေနဲ့ လျှပ်စစ် ပလပ်ပေါက် ထိုးရမှာ ဖြစ်ပြီး ကွန်ပြူတာ USB ကနေ ရမရ ကတော့ မဖော်ပြထား ပါဘူး။ အသေးစား အစားအစာ အပူပေးစက် တစ်ခုအနေနဲ့ အသုံးပြုရမှာပါ။

ယင်းကဲ့သို့ပဲ အလားတူ ထူးခြားတဲ့ ဒီဇိုင်းနဲ့ အိုင်တီ ဆက်စပ် မီးဖိုချောင်သုံး ပစ္စည်းများကို ဒီဇိုင်နာ Steve Gates ရဲ့ ဝဘ်ဆိုဒ် www.stevegates.co.uk/ မှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။

အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: