ငါးမန်းကို စားတ့ မိကျောင်း


သြစတေးလျနိုင်ငံတွင်း ရေချိုမြစ် တစ်နေရာမှာ တွေ့ရှိခဲ့တဲ့ ပုံရိပ် ဖြစ်ပါတယ်။ Andrew လို့ အမည်ရတဲ့ ဆစ်ဒနီမြို့သား လူငယ်ဟာ ငါးမန်းကို စားနေတဲ့ မိကျောင်းကို မြစ်ကမ်းခြေ တစ်နေရာမှာ လှမ်းမြင်တွေ့လိုက်ခြင်း ဖြစ်ပါတယ်။ ငါးမန်းနဲ့ မိကျောင်း ယှဉ်ပြိုင် တိုက်ခိုက်ပြီး နောက်ဆုံးတော့ မိကျောင်းက နိုင်သွားပြီး သားကောင် ရသွားတဲ့ အနေအထား ဖြစ်ပါတယ်။


ယင်းဟာ သြစတေးလျနိုင်ငံမှာ နာမည်ကြီးတဲ့ ဓာတ်ပုံ တစ်ပုံ ဖြစ်လာ ပါတယယ်။ အလားတူပဲ ၂၀၁၁ ခုနှစ်က သြစတေးလျမှာပဲ Brutus လို့ အမည်ရတဲ့ မိကျောင်း တစ်ကောင် နာမည်ကြီးဖူး ပါတယ်။ ညာဘက် လက်တစ်ဖက် ပြတ်နေပြီး လူတွေနဲ့ ယဉ်ပါတာကြောင့် နာမည်ကြီးခဲ့ခြင်း ဖြစ်ပါတယ်။ လူတို့ လှေပေါ် ကနေ ကျွေးတဲ့ အစားအစာများကို စားသောက်ပြီး သူ့ကို အနီးကပ် လေ့လာ ခွင့်တောင် ရရှိ ခဲ့ကြ ပါတယ်။ Brutus ကတော့ နှစ် ၈၀ ကျော် အသက်ရှည်တဲ့ မိကျောင်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ လက်ပြတ်သွားခြင်း ကလည်း အခြား ငါးမန်း တစ်ကောင်နဲ့ တိုက်ခိုက်ခြင်းကြောင့် ဖြစ်ကြောင်းလည်း လေ့လာသူများက ဆိုပါတယ်။

ဒါကြောင့်မို့ ရေထဲမှာ မိကျောင်းနဲ့ အသားစား ငါးမန်း များက သားကောင် တစ်လှည့်၊ မုဆိုး တစ်လှည့်ဖြစ်နေကြတယ် ဆိုတာကို သိရှိစေခဲ့ကြ ပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: