တစ်ရက်ကို နွားနို့ ဘီယာခွက် ၁၀ ခွက်စာလောက် သောက်မှ နေသာထိုင်သာ ရှိသူ


ဗြိတိန်နိုင်ငံက အသက် ၄၆ နှစ်အရွယ်ရှိတဲ့ Sandra Heap အမည်ရ အမျိုးသမီး တစ်ဦးဟာ နွားနို့ကို အင်မတန် ကြိုက်နှစ်သက် စွဲလမ်းတဲ့ ရောဂါ ဖြစ်နေပါတယ်။ မနက် ၉ နာရီကနေ ည ၁၀ နာရီကြားအတွက် တစ်ရက်ကို နွားနို့ ဘီယာခွက် ၁၀ ခွက်စာ သောက်သုံးသူ ဖြစ်ပါတယ်။


၅၆၈ မီလီလီတာ စာခွက် ၁၀ ခွက်စာ ဖြစ်တာကြောင့် ဒါဟာ သာမန်လူထက် ၁၀ ဆကျော်မက များနေခြင်း ဖြစ်ပါတယ်။ သူမဟာ အိမ်ထောင်သည် ဖြစ်ပြီး သားသမနီး နှစ်ဦးလည်း ရှိပါသေးတယ်။ ကလေးတွေကို စာသင်စာပြတဲ့ ဆရာမ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ နွားနို့သောက်သုံးမှုအတွက် တစ်ပတ်ကို ဗြိတိန်ပေါင် ၂၅ ပေါင်  ငွေကြေးအားဖြင့် အသုံးပြုနေရ ကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ သူမရဲ့ အမျိုးသား ဖြစ်သူ ကလည်း စိတ်ပျက်နေပြီ ဖြစ်ပြီး
ဒီအတွက် အဖြေရှာ ကုသဖို့အတွက် ကြိုးစား နေပါတယ်။ သူမဟာ နွားနို့ မသောက်ရရင် မနေနိုင်အောင် အရက်စွဲသလို စွဲနေတဲ့ ရောဂါ ဖြစ်ပါတယ်။

ဒါကြောင့်မို့ပဲ ရက်ပိုင်းအတွင်းမှာလည်း ကိုယ်အလေးချိန် တက်လာသူ ဖြစ်ပါ တယ်။ ဆက်လက်ပြီးတော့လည်း သောက်သုံးနေပါသေးတယ်။ ဒီအတွက် စစ်ဆေး ကုသမှု ပြုလုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: metro.co.cuk
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: