မိတ်ဆွေက သင့်အတွက် ဆေးစွမ်းကောင်း တစ်မျိုး


မိတ်ဆွေ ကောင်း သူငယ်ချင်းကောင်း ဆိုတာ ဘဝမှာ အင်မတန် အရေးကြီး ပါတယ်။ မိမိ ဘဝ အခြေအနေ တိုးတက်မြင့်မားသွားအောင် တင်ပေးနိုင်သူထဲမှာ မိတ်ဆွေကောင်းလည်း ပါဝင်နိုင်ပြီး မိမိကိုယ် နိမ့်ကျစေမယ့်သူကတော့ မိတ်ဆွေကောင်းများ မဟုတ်ပါဘူး။


မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများ၊ စိတ်ဓာတ်ကျဆင်းမှုများ ကို အကောင်းဆုံး ဖြေဖျောက်ပေးသူက မိမိနဲ့ ကောင်းအတူ ဆိုးအဖက် တိုင်ပင်ဖော် သူငယ်ချင်း မိတ်ဆွေသာ ဖြစ်ပါတယ်။ ဘဝမှာ လုပ်စရာ ကိုင်စရာတွေ ဘယ်လောက်ပဲ များများ မိမိရဲ့ အချစ်ဆုံး သူငယ်ချင်းနဲ့ တစ်လ တစ်ခါပဲ ဖြစ်ဖြစ် ကြာကြာနေ တစ်ခါပဲ ဖြစ်ဖြစ် အပြင်မှာ တွေ့ဆုံလို့ အေးဆေး စကားပြောဆို သင့်ပါတယ်။

မိမိရဲ့ အကြောင်းအရာများကို ပြောပြ တိုင်ပင်သလို၊ သူ့ရဲ့ ပြောဆိုလာမှုများကို လည်း တိုင်ပင်ဆွေးနွေးပေးနိုင်စွမ်း ရှိရပါမယ်။ မိတ်ဆွေကောင်းဟာ သင့်အတွက် အကောင်းဆုံး ဆေးစွမ်းတစ်မျိုးလည်း ဖြစ်ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: