မက်မွန်သီးကို အတွင်းခံစွတ်ရောင်းတဲ့ ကုမ္ပဏီ


ယခုဟာ ဆိုရင် တရုတ်ပြည်မှာ တရုတ်ရိုးရာ ချစ်သူများနေ့ ရောက်ခါနီး အချန်ကာလ ဖြစ်ပါတယ်။ ဒီတော့ ချစ်သူများနေ့အတွက် အရုပ်များ၊ အစားအစာများ၊ လက်ဆောင်များ အရောင်းအဝယ် အင်မတန် ဖြစ်နေ ပါတယ်။ Yao Yuan  ဟာလည်း မက်မုံးသီးရောင်းဖို့ ရှိပြီး အခြားသူတွေထက် ထူးခြား သွားအောင် မက်မုံသီးကို အမျိုးသမီးအတွင်းခံ အသေးလေးတွေနဲ့ စွတ်လို့ ရောင်းလိုက် ပါတယ်။


အတွင်းခံ ပြုလုပ်တဲ့ ကုမ္ပဏီတစ်ခုဆီကနေ သီးသန့်ချုပ်လုပ်စေ၊ မှာယူစေပြီးတော့ သူကိုယ်တိုင်သေချာ လက်နဲ့ စွတ်ထားပေးတဲ့ မက်မွန်သီးများ ဖြစ်ပါတယ်။ ဒီတော့ အရည်အသွေးကောင်း အရသာ ရှိတဲ့ မက်မွန်သီး ကိုးလုံးပါ ဘူးတစ်ဘူးကို ဗြိတိန်ပေါင် ၅၀ ဝန်းကျင် တန်ဖိုးရှိ တရုတ်ယွမ်ငွေနဲ့ ရောင်းချပါတယ်။ ဒီတော့ အမြင်အားဖြင့်လည်း စွဲဆောင်မှု ရှိတဲ့ ယင်း အသီးများကို ဝယ်သူ အင်မတန် များနေ သတဲ့။

တရုတ်ပြည် အရှေ့ပိုင်း Nanjing ပြည်နယ်မှာ ဖြစ်ပါတယ်။ သူ့လိုပဲ အခြား ပြည်နယ်က ရောင်းချ သူများလည်း ပြုလုပ်လာ ပါတယ်။ မက်မွန်သီး ဆိုတာ တရုတ်လူမျိုးတို့ ရှေးယခင်ခါ ကတည်းက ယနေ့အချိန်အထိ စွဲစွဲမြဲမြဲ စားသုံးတဲ့ အသီး တစ်မျိုး ဖြစ်ပြီး ကြိုက်လဲ ကြိုက်ကြ ပါတယ်။ ချစ်သူ အချင်းချင်း လည်း လက်ဆောင်ပေးလေ့ ရှိပါတယ်။ Yao Yuan ရဲ့ အမျိုးသမီး အတွင်းခံ အသေးစား စွတ်ထားတဲ့ မက်မွန်သီးကတော့ ရောင်းအား ကောင်းနေကြောင်း သိရ ပါတယ်။
.
Ref: dailymail.co.uk
အောင်ခမ်း (www.innewsmyammar.com)

.

0 comments: