ကင်ဂျုံအန် နဲ့ ဆံပင်ပုံစံတူတဲ့ မက်ဆီ


မနေ့တစ်နေ့ကပဲ မက်ဆီဟာ ဆံပင်ပုံစံ အသစ်နဲ့ ထရိန်နင်စဆင်း ပါတယ်။ သူ့ရဲ့ ဆံပင် ပုံစံဟာ အံ့သြစွာပဲ မြောက်ကိုရီးယား စစ်အုပ်ချုပ်ရေး ခေါင်းဆောင် ကင်ဂျုံအန် နဲ့ ထပ်တူ တူညီနေခြင်း ဖြစ်ပါတယ်။


ဒီအတွက် မက်ဆီဟာ တမင်ရည်ရွယ်ပြီးတော့ ညှပ်တာ ဟုတ်မဟုတ်ကတော့ သူ့ ပရိတ်သတ် ကြားမှာတင် ပြောစရာ ဖြစ်နေ ပါတယ်။ အမည်ပြောင် အနေနဲ့ ကင်ဂျုံမက်ဆီ လို့တောင် အမည်ပေးထားကြပြီ ဖြစ်ပါတယ်။ မြောက်ကိုရီးယားကို လာရောက် ဖျော်ဖြေချင်သူများ ကင်ဂျုံအန် ဆံပင်ပုံစံ ထားရမယ်လို့ ပြောခဲ့ဖူးပါတယ်။ ယခု မက်ဆီက ကင်ဂျုံအန် ဘယ်လို မှတ်ချက်ပေး ပြောဆိုမယ် ဆိုတာတော့ မသိ ပါဘူး။

အင်တာနက် နဲ့ ဆိုရှယ်မီဒီယာ များမှာတော့ မက်ဆီရဲ့ ကင်ဂျုံအန် ဆံပင်ပုံစံဟာ လူပြောများတဲ့ ခေါင်းစဉ် တစ်ခု ဖြစ်လာ ပါတယ်။
.
Ref: Dailymail
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: