တိုကျိုမှာ မိတ်ဆက်ခဲ့တဲ့ အသစ်စက်စက် Lexus RC F



ဂျပန် တိုကျို မော်တော်ယာဉ်ပြပွဲ မှာဝင်ရောက်ပြသခဲ့တဲ့ တိုယိုတာ အမျိုးအစား ဖြစ်ပါ တယ်။ Lexus RC F လို့အမည်ပေးထားပြီး Standard RC Coupe အမျိုးအစား ပါ။ ဒီဇိုင်း အားဖြင့် တူမတူ အောင် ထူခြား လှပ တာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။


မြင်းကောင်ရေအား ၄၅၀ နဲ့ အင်ဂျင်အရွယ် ၅.၀လီတာ ရှိပြီး  ဆလင်ဒါ ၈ လုံးပူး V အင်ဂျင်ကို အသုံးပြုတည်ဆောက်ထားတယ်။ ဂီယာ ၈ချက် လက်ထိုးဂီယာ အမျိုးအစားဖြစ်ပြီး စက္ကန့်ပိုင်း အတွင်းကို အရှိန် မိုင် ၅၀နှုန်း အထိမြှင့်တင်နိုင်ပါတယ်။ ကားရဲ့ ပြေးနှုန်းနဲ့ အရှိန်ကို မထိခိုက်စေ ဖို့ အတွက် ကားရဲ့ အစိတ်အပိုင်းအချို့ ကို ကာဗွန် ဖိုက်ဘာ နဲ့ တည်ဆောက် ထားတယ် လို့သိရပါတယ်။ အမြန်ဆုံး မောင်းနှင် နိုင်မှုက တစ်နာရီ မိုင် ၁၇၀ အထက်မှာ ရှိပါ တယ်။ ပြိုင်ဆလွန်း အနေနဲ ထုတ်လုပ် ထားတဲ့ကား ဖြစ်ပါတယ်။

Lexus က အသစ် တွေ မြန်မာပြည်ကို ရောက် ပါတယ်။ Motors ရဲ့ www.motors.com.mm/cars/lexus/ ထဲမှာ ၂၀၁၄ မော်ဒယ် နောက်ဆုံးပေါ် တွေကို မြင်တွေ့ ရမှာပါ။ ဈေးနှုန်း အားဖြင့် ကလည်း သိန်း ၅ ထောင် ဆိုရင် နောက်ဆုံးပေါ် ဆလွန်းတွေ ရနိုင် ပါပြီ။

Lexus RC F ကို ဈေးနှုန်းဘယ်လောက်နဲ့ ဘယ်အချိန်မှာ ဖြန့်ချိမယ်ဆိုတာကို ရေးသား ထားခြင်း မရှိပေမယ့် Tokyo Motor Show ပြပွဲ မှာ အပြတ်သားနား တဲ့ ဒီဇိုင်းနဲ့ ယခုလို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

.

0 comments: