စိုးရိမ်စိတ်က ပျော်စရာများကို သယ်ဆောင်သွား


အမှန်ပါပဲ။ စိုးရိမ်စိတ်ဟာ လူတိုင်းရဲ့ ပျော်ရွှင်စရာ၊ စိတ်ချမ်းသာ စရာ များကို သယ်ဆောင်သွားတဲ့ အရာ တစ်ခု ဖြစ်ပါတယ်။


စိုးရိမ် နေခြင်းက မိမိ ရင်ဆိုင်နေရတဲ့ ပြဿနာ အခက်အခဲ များကို ပြေလည် မသွား စေ ပါဘူး။ ပိုပြီးတော့ ဆိုးတာ တစ်ခုက ယင်းပြဿနာ အတွက် ဆုံးဖြတ်ချက် ချရင်တောင် အမှားအယွင်း ပါစေ ပါတယ်။ ဒီတော့ အခက်အခဲ တွေ့တဲ့အခါ ခေါင်းအေးအေးထား ရင်ဆိုင် ဖြေရှင်း နိုင်မှုက  ရင့်ကျက်ပြီး ဥာဏ်ပညာ ထက်သန်သူတို့ရဲ့ အလေ့အထ တစ်ခုလို ဖြစ် လာစေ ပါတယ်။ အများစု ကတော့ ကြုံတွေ့ ရင်ဆိုင် ရတဲ့ အခါ အတိုင်း စိတ်သောက နဲ့ စိုးရိမ်စိတ်က အရင် ပို ပါတယ်။

ဒီတော့ စိုးရိမ်စိတ်က ဘာမှ မပြောင်းလဲ စေတဲ့အပြင်  အချိန် ကုန်စေခြင်း၊ ပျော်စရာ ဆုံးရှုံးစေခြင်းတို့ကို ဖြစ်စေ တာကြောင့် ဖယ်ရှား သင့်တဲ့ စိတ်ခံစား ချက် တစ်မျိုး ဖြစ်ပါတယ်။
.
Ref: medicfacts
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: