လူသားတို့၏ အကြီးမားဆုံး အမှား



ဝဘ်ဆိုဒ် တစ်ခုက တင်ထားတဲ့ ပုံကို သဘောကျလို့ပါ။ ယင်းထဲက စာအရ လူသား တို့ရဲ့ အကြီးစမားဆုံး အမှား တစ်ဝက်သာ နားထောင်ပြီး၊ လေးပုံ တစ်ပုံသာ နားလည်ပြီး၊ သိတာထက်ကို မိမိ လိုရာ ဆပွား ပြောနေခြင်း ကြောင့် ဖြစ်ပါတယ်။

တကယ့် ပတ်ဝန်းကျင်မှာ ရှိကြ ပါတယ်။ လေ့လာ သင်ယူမှု အားနည်း ပေမယ့် မိမိရဲ့ ဂုဏ် တင်လိုခြင်း၊ မရှိသည့် ပညာကို အရှိ ဟန်ဆောင်ရန် ရည်ရွယ် ခြင်းတို့ကြောင့် မတတ်သည်ကိုလည်း တတ်သည့် ဟန်ဖြင့် မာယာသုံး၍ ပြောဆို တတ်ကြ ပါတယ်။ ယင်းသို့ ပြုမှု ပြောဆို မှု များက ကိုယ့်ကိုယ်ကို လည်း ထိခိုက် သလို၊ ပတ်ဝန်းကျင် သူ တစ်ဖက်သား ကိုလည်း များစွာ ထိခိုက်စေတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။

ဒါကြောင့်မို့ မိမိက အပြည့် အဝ နားထောင်ပြီး အပြည့်အဝ နားလည် ပြီး လိုအပ်သည်ကိုသာ တတ်သလောက် ပြောဆိုဖို့ လိုအပ် ကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: