ကမ္ဘာ့ အရှည်ဆုံး သတ္တဝါဖြစ်သော ဂျယ်လီငါး



ပုံမှာ မြင်တွေ့နေရတဲ့ ဂျယ်လီငါးမျိုးကို ကမ္ဘာ့ အရှည်ဆုံး သက်ရှိ သတ္တဝါ အဖြစ် သတ်မှတ် စံချိန်တင်ထား ပါတယ်။ သူ့ကို ခြင်္သေ့ ဂျယ်လီငါးလို့ လည်း ခေါ် ပါတယ်။ Lion's mane jellyfish လို့ အင်္ဂလိပ်လို ခေါ်ပါတယ်။

အထီးက အမထက် တစ်ပေလောက် အချင်းအားဖြင့် ပိုကြီး ပါတယ်။ပြီးတော့ ကမ္ဘာ့ သက်တန်း အရင့်ဆုံး သတ္တဝါ စာရင်းထဲမှာလည်း ထည့်သွင်းထား ပါတယ်။ အကြောင်း ကတော့ ဒိုင်နိုဆောတို့ မရှိခင် ကတည်းက ရှိနေတဲ့ သတ္တဝါ ဖြစ်ကြောင်း မှတ်တမ်း တင်ထားလို့ ဖြစ် ပါတယ်။ အချင်းပေအားဖြင့် ၇ လက်မ ကနေ ၈ လက်မ ကျော်အထိ ရှိနိုင်ပြီး အရှည်က ပေ ၁၀၀ ကျော် အထိ အံ့မခန်း ဆံ့တန်း နိုင်ပါတယ်။ ပါရှိတဲ့ အမွေး အမြင် တွေကို သားကောင်တွေ ဖမ်းဆီးတဲ့ အခါ အသုံးပြုခြင်း ဖြစ်ပါ တယ်။ နေထိုင် ကျက်စားတာ ကတော့ အာတိတ် သမုဒ္ဒရာ၊ Atlantic သမုဒ္ဒရာ နဲ့ ပစိဖိတ် သမုဒ္ဒရာ မြောက်ပိုင်း တို့မှာ အတွေ့များတဲ့ ငါးမျိုး ဖြစ် ပါတယ်။ပင်လယ်ရေ အနက် ၂၀ မီတာမှာ နေထိုင် ကျက်စား ပါတယ်။

အအေးပိုင်း ရာသီ ဥတုကို ကြိုက်နှစ်သက်တဲ့ ငါးမျိုး ဖြစ်ပါတယ်။ သူ့ကို ကမ္ဘာ့ အရှည်ဆုံး သက်ရှိ သတ္တဝါ၊ ကမ္ဘာ့ သက်တမ်း အရင့်ဆုံး သတ္တဝါ၊ ကမ္ဘာ့ အကြီးဆုံး ဂျယ်လီငါး အစရှိသဖြင့် ခြေင်္သေ့ ဂျယ်လီငါးကို ကမ္ဘာ့ မှတ်တမ်း တင်ထား ကြောင်း သိရ ပါတယ်။

Ref: wiki
အောင်ခမ်း (ရိုးရာလေး)

.

0 comments: