စွန့်စွန့်စားစား မော်စကိုက ဓာတ်ပုံဆရာများ


ရုရှား နိုင်ငံ မော်စကို မြို့မှာ နှစ် အနည်းငယ် အတွင်း နာမည်ကြီး လာတဲ့ ယဉ်ကျေးမှု တစ်ခု ကတော့ စွန့်စွန့်စားစား ဓာတ်ပုံ ရိုက်ခြင်း ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ ရသလိုပါပဲ။


သူကတော့ Kirill Oreshkin လို့အမည်ရတဲ့ မော်စကိုက လူငယ် ဓာတ်ပုံ ဆရာ တစ်ဦး ဖြစ်ပြီး သူ့လိုပဲ သူ့ထက် ငါ အပြိုင် ပိုမြင့်တဲ့ နေရာကို တက်လို့ ဓာတ်ပုံ ရိုက်နေတာတွေလည်း အများအပြား ရှိပါတယ်။ အပေါ်တက်ရန် ခွင့်မပြုပဲ တားဆီး ထားတဲ့ တာဝါတွေ၊ ကျောက်တိုင်တွေ၊ အမှတ် အသား လက္ခဏာတွေ ပေါ်ကို တတ်လို့ ဓာတ်ပုံ ရိုက်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့ ကြောက်စရာ အကောင်းဆုံး ကိုယ့်ပုံ ကိုရိုက် Selfie မှတ်တမ်း ကို Kirill ရရှိခဲ့ ပါတယ်။ အပေါ်တက်တဲ့ အခါမှာလည်း ဘာ ခါးပတ်ကြိုးနဲ့ သက်ကယ် ကြိုးမှ မပါ ပါဘူး။

သူ့လိုမျိုး စွန့်စားမှုများကို ရုရှားမှာတင် မက ဥရောပ နိုင်ငံများက တားမြစ် ထားကြောင်း သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: