Honda CR-V နောက်ဆုံးပေါ် ကားသစ်များ မြန်မာပြည်တွင်းမှာ ရနိုင်



တိုယိုတာရဲ့ RAV-4 နဲ့ အဓိက ပြိုင်ဘက် ဖြစ်တဲ့ ဟွန်ဒါရဲ့ CR-V ဟာလည်း မြန်မာ ပြည်မှာ အသစ် တွေ ရရှိ နိုင်ပြီ ဖြစ်ပါတယ်။ ဒီအတွက် ကြားခံ အော်ဒါမှာပေးတဲ့ ကုမ္မဏီ များစွာ ရှိနေ လို့ ဖြစ်ပါတယ်။


ဟွန်ဒါ CR-V၂၀၁၄ မော်ဒယ်ဟာ ကမ္ဘာ တစ်လွှားမှာ အောင်မြင် ပါတယ်။ အင်ဂျင် အရွယ် ၂၀၀၀ စီစီ၊ ၂၄၀၀ စီစီ အရွယ် နှစ်မျိုး ထုတ်လုပ်ပြီး အိုင် ပုံသဏ္ဍာန် ပစ်စတင် လေးလုံး ကို အသုံးပြု ထား ပါတယ်။ i-VTEC  အမျိုးအစား ဖြစ်တာ ကြောင့် ဆီစား သက်သာ မှု အတွက် သံသယ ဝင်စရာ မရှိ ပါဘူး။ သူကလည်း Crossover လို့ခေါ်တဲ့ SUV အငယ်စား ကား တစ်မျိုးပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ခရီးသည် ၅ ဦး စီးနိုင် ပါတယ်။ အရောင် အသွေး အစုံ ရောက် ရှိ ပါတယ်။ ဂျပန် ဟွန်ဒါရဲ့ တရားဝင် ဝဘ်ဆိုဒ် ဖြစ်တဲ့ http://automobiles.honda.com/cr-v/ မှာ ကား အကြောင်း အသေးစိတ်ကို ကိုယ်တိုင် လေ့လာ နိုင်မှာ ဖြစ်ပါတယ်။

သူ့ကို မြန်မာပြည်မှာ အသစ်မှာ ကြတဲ့ အကြောင်း တစ်ခုက ဈေးသက်သာခြင်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် မော်ဒယ် ဆိုရင် သိန်း ၆၃၀ ဝန်းကျင်ပဲ ရှိလို့ ဖြစ်ပါတယ်။ ဒီတော့ နောက်ဆုံး ပေါ် မော်ဒယ် အတွက် သိန်း ၇၀၀ ဝန်းကျင်သာ ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီထက် လည်း ဈေးက ပိုကျလာဖို့ပဲ ပိုများမှာ ဖြစ်ပါတယ်။

ဟွန်ဒါ အသစ် များကို ဂျပန် ကနေ အပြင် အမေရိကန်နဲ့ ဂျာမနီ ဈေးကွက် ကနေလည်း အော်ဒါ မှာပေး လျက် ရှိကြကြောင်း သိရ ပါတယ်။

အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: