ကျနော် ပိုက်ဆံစုလို့ ဝယ်နိုင်ခဲ့သော အရာ


ပုံလေးကို မြင်ကြတဲ့ အတိုင်းပါပဲ။ ကျနော် ဒီလို ရဖို့ အတွက် အတော်လေး ကြိုးစား လိုက်ရတယ်။ နေ့ရော၊ ညပါ ဒီလိုလေး ရဖို့ အတွက် အမြဲလို ဆုတောင်း ခဲ့ရပြီး ကြိုးစားခဲ့တယ်။


သူများတွေ အလုပ်ကြိုးစားတာထက် ပိုကြိုးစားတယ်။ သူများ နားချိန် လည်း  မနားဘူး။ အချိန်ပိုလုပ်တယ်။ ငွေရရင် ရနိုင်တဲ့ နည်းလမ်း အလုပ်လုပ်တယ်။ မလျော့သော ဇွဲပဲ ပြောရမှာပေါ့။ ညအိပ်တိုင်းလဲ ငါ ဒါကို ရကို ရရမယ် ဆိုတဲ့ စိတ်လေးက အမြဲ တမ်း စွဲလမ်း ဝင်ရောက် နေခဲ့တယ်။ နှစ်ပေါင်း များစွာ ကို ကြိုးစား ခဲ့ရတယ်။ ရင်းနှီးခဲ့ရတယ်။

ယခုတော့ ကျနာ် လုပ်နိုင်ခဲ့ ပါပြီ။ ယခုလို ပုံကောင်းကောင်း ထွက်ရှိဖို့ အတွက် ကင်မရာ တစ်လုံး လိုနေခဲ့တာ အမှန်ပါပဲ။ အခုတော့ ကျနော် ဝယ်နိုင်ခဲ့ ပါပြီ။ မလျော့သော ဇွဲနဲ့ ကြိုးစားလို့ ကင်မရာ တစ်လုံး ရခဲ့ ပါတယ်။
.
Ref:medic job
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: