မပြည့်တဲ့အိုး ဘောင်ဘင်ခတ်



မြန်မာ့ ဆိုရိုး စကားပုံ တစ်ခု ရှိပါတယ်။ မပြည့်တဲ့အိုး ဘောင်ဘင်ခတ် လို့ ခေါ်ပါတယ်။ အိုးထဲမှာ ရည် အပြည့် မဟုတ်ပဲ တစ်ဝက် သို့မဟုတ် တစ်ဝက်ကျော်ကျော် ရှိနေ ချိန်မှာ ရေပြန်ထွက်နိုင်ချေ ပိုများပြီး ဘောင်ဘင် ခတ်မှုကြောင့် ရေများ ပိုမို ဆုံးရှုံးရ ပါတယ်။


လက်တွေ့ ဘဝမှာလည်း ဒီလိုပါပဲ။ လောကုတ္တရာ ပညာမှာ ရယ်လို့ မဟုတ် ပါဘူး။ အသက်မွေးဝမ်းကျောင်း ပညာ တစ်ခုမှာလည်း မိမိ အသက်မွေး ဖို့ အတွက် အပြည့်အဝ မတတ်မြောက်ပဲ တစ်ဝက် တစ်ပြတ်သာ တတ်ထားရင်၊ မပြည့်မဝ တတ်ထားရင် အခက်အခဲက ကြုံရ စမြဲ ဖြစ်ပါတယ်။ ဒါ့အပြင် မပြည့်ဝတဲ့ အသိ ပညာနဲ့ အတတ် ပညာ များကြောင့် မိမိရဲ့ လုပ်ဆောင်၊ ပြောဆို၊ ပြုမူ မှုများက သူတစ်ပါးကို ထိခိုက် နစ်နာ စေတတ် ပါသေးတယ်။

ဒါကြောင့်မို့ မပြည့်တဲ့အိုး ဘောင်ဘင် မခက်ရလေအောင် သတိထား၊ ဂရုစိုက် မိကြစေဖို့ ရေးသား တိုက်တွန်းလိုက်ရ ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)


.

0 comments: