ဘဝမှာ တန်ဖိုးအကြီးဆုံး လက်ဆောင်



မိတ်ဆွေ အနေနဲ့ ကိုယ် တန်ဖိုးထားရတဲ့ လူတစ်ယောက်ကို ဘာ လက်ဆောင် ပေးရမှန်းမသိ စဉ်းစားရ ခက်နေပါသလား။ အဲ့လို ဖြစ်နေရင် အကောင်းဆုံးနဲ့ တန်ဖိုး အရှိဆုံး ဖြစ်တဲ့ သင့်ရဲ့ အချိန်ကို ပေးလိုက်ပါ။ အကြောင်း ကတော့ အချိန်ဟာ ဘဝမှာ လူတိုင်းရဲ့ တန်ဖိုး အကြီးဆုံး လက်ဆောင် ဖြစ်ပါတယ်။


ဘဝမှာ  လူသား တစ်ဦးချင်းစီ နေထိုင်ရမယ့် အချိန်ကာလဟာ ဘယ်လောက မှ မရှိပါဘူး။ ယင်းထဲမှာမှ လုပ်ငန်း ကိစ္စ အဝဝတို့မှာ ရင်းနှီးထားကြပြီး ကိုယ် အချစ်ဆုံး သူများအတွက် အချိန် မပေးမိပဲ နေကြတဲ့ သူတွေ အများကြီးပါ။ တစ်ချိန်မှာ ဒါတွေဟာ ပြန်နောင်တ ရစရာတွေ ဖြစ်ပါလိမ့်မယ်။ အချိန် ဆိုတာ ပြန်လုပ်ယူလို့ မရ ပါဘူး။ ဒါကြောင့်မို့ သူဟာ ဘဝမှာ တန်ဖိုး အကြီးဆုံး ဖြစ်ပါတယ်။

ဒါကြောင့်မို့ မိတ်ဆွေတို့လည်း ဘဝမှာ မိမိ ချစ်သော သူများ အတွက် တန်ဖိုး အကြီးဆုံး ဖြစ်တဲ့ အချိန် ဆိုတာကို လက်ဆောင် ပေးနိုင်ကြဖို့ အကြံပေး တိုက်တွန်းလိုက်ရ ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: