ရိုသေ၊ ကူညီ၊ ခွင့်လွတ်ပေး ပါ



သင် အသက် ငယ်နေတုန်းမှာ အသက်ကြီး သူ များကို ရိုလေ လေးစား ရပါမယ်။ သင် သန်မာ ကျန်းမာ နေချိန် မသန်မာ၊ မကျန်းမာ အားနည်း သူများကို ကူညီ ဖေးမ ပေးရ ပါမယ်။ သင် မှားယွင်း နေတဲ့ အခါ ယင်း အမှားကို ဝန်ခံ ပေးရ ပါမယ်။ သူတစ်ဖက်သား မှားနေရင်လည်း ခွင့်လွတ်နားလည် ပေးရ ပါအုံးမယ်။ အကြောင်း ကတော့ တစ်နေ့မှာ သင်တို့ ကျန်ုပ်တို့ဟာ အသက် ကြီးလို့ အိုရပါမယ်။ အားနည်း မကျန်းမာ ဖြစ်လာ ပါမယ်။ အမှားတွေ လည်း ရှိလာ ပါလိမ့်မယ်။


ဒါကြောင့်မို့လို့ လောက ဗြဟ္မစိုရ် တရားအရ မေတ္တာ၊ ကရုဏာ၊ မုတိတာ၊ ဥပက္ခာ အစရှိတဲ့ တရား တွေကို မြဲခိုင်လို့ လိုက်နာ ကျင့်သုံး ထားရင် မိမိကော မိမိ ပတ်ဝန်းကျင်ပါ အမြဲလို အေးချမ်း ပျော်ရွှင် နေရမှာ ဖြစ်ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: