ဂျာမန် ရေငုပ်သင်္ဘော U-120 မြှုပ်ရခြင်းအကြောင်း



၁၉၃၇ ခုနှစ် ဒီဇင်ဘာလက တရုတ်တို့ဟာ ဂျာမနီနိုင်ငံကနေ ရေငုပ်သင်္ဘော တစ်စီး အော်ဒါမှာပါတယ်။ စစ်သား အယောက် ၈၀ ကျော်ပါ ပို့ပြီး ရေငုပ် သင်္ဘောအတွက် လေ့ကျင့်သင်ကြားစေပါတယ်။

သို့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အော်ဒါအတွက်ငွေချေ ထားမှု ကို ပြန်ယူခဲ့ပြီး ရေငုပ်သင်္ဘောကို မယူတော့ပါဘူး။ ဒီတော့ ကိုယ်ဆောက်တဲ့ သင်္ဘော ကိုယ် ဂျာမန်တို့ ကိုယ်တိုင် ပြန်သုံးရပါတယ်။ ဒုတိယမ္ဘာစစ် ကလည်း ပြင်းထန်နေတော့ ဂျာမနီတို့အတွက် အတော်လေး အသုံးဝင်သွား ပါတယ်။ သို့သော် ၁၉၄၀ ခုနှစ် ဧပြီလက စသုံးပြီး ငါးနှစ်ကြာတော့ ရေမြှုပ် သွားပါတယ်။

၁၉၅၀ ခုနှစ်မှာ ပြန်လည်ဆယ်ယူခဲ့ပြီး မြှုပ်ရတဲ့အကြောင်းအရင်း ကို ပြန်ရှာဖွေခဲ့ပါတယ်။ ဒီတော့ ရေငုပ်သင်္ဘောမှာ ပါဝင်တဲ့ အိမ်သာခန်း တစ်ခု ချို့ ယွင်းမှုကြောင့် သင်္ဘောမြှုပ်ရခြင်း ဖြစ်တယ်လို့ ပြန်လည်တွေ့ရှိ ခဲ့ ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar
--

0 comments: