ဘုမတောပါနှင့်



အမျိုးသမီး ဖြစ်သူ မီးဖိုချောင်မှာ ဟင်းချက်နေတုန်း ခင်ပွန်းဖြစ်သူ ဝင်လာ ပါတယ်။ ဝင်လာပြီးနောက် အောက်ပါအတိုင်း စကား အဆက် မပြတ် ပြော ပါတော့တယ်။

" ဟင်းအိုးအောက်ကျတော့ တူးတော့တယ်။ ဟင်းအိုးအောက်ချတော့.. တူးနေပြီလို့ပြောနေတယ်............။ ဟောဟိုမှာ ထမင်းအိုး ဆူနေပြီ ခလုပ် ပိတ်လိုက်တော့။ ခုပြောနေတယ်။ ခလုပ်ပိတ်လိုက်တော့။ စားပွဲတွေ မရှင်းဘူး။ အခွံတွေနဲ့ပြည့်နေတယ်။ အဲဒါရှင်းလိုက်။ ကြားတယ်နော် အဲဒါရှင်းလိုက်အုံး....။ ဘာလုပ်နေတာလဲ ပန်းကန်တွေ တစ်ခုမှ မဆေးရသေးဘူး။ အဲဒါလည်း ဆေးရအုံးမယ်။ ကြက်ဥဆို မွေကြော်ပဲ ကြိုက် တာနော်။ ကြက်သွန်လျော့ထည့်။ ဆီများနေတယ်။ ဆီပြန်လျော့ ဆီပြန်လျော့...."

ဒါနဲ့ သည်းမခံနိုင်တော့တဲ့ ဇနီးဖြစ်သူက " ရှင်က ကျမကို ဟင်း မချက်တတ်တဲ့ သူများ ထင်နေလို့လား " လို့မေးပါတယ်။ ဒီတော့ အမျိုးသားက

"မဟုတ်ဘူး ချစ်လေး။ ကားမောင်းနေတုန်း မင်းဘေးကနေ စကားပြောတဲ့အခါ ကိုယ်ခံစားရသလို ခံစားကြည့်စေချင်လို့ပါ"
--------
Ref: techblog
International news for myanmar

--

0 comments: