လူမသိသော Liam Neeson အကြောင်း



လာမယ့် ဇွန်လ ၆ ရက်နေ့ဆိုရင် Liam Neeson တစ်ယောက် အသက် ၆၀ ပြည့်ပါပြီ။ ယနေ့ထိ သူ့ရဲ့  အနုပညာလှုပ်ရှားမှုက လူငယ်တွေထက် သွက်နေဆဲပဲ ဖြစ်ပါတယ်။

Star War လို ကမ္ဘာကျော် Sci Fi ရုပ်ရှင်၊ ဂျူးလူမျိုးတွေကို ကယ်ဆယ်တဲ့ Schindler's List ရုပ်ရှင်၊ မိသာစုကို ကယ်ဆယ်တဲ့ Taken ရုပ်ရှင်၊ နတ် ဘုရား Zeus အဖြစ် သရုပ်ဆောင်ရတဲ့ Wrath of the Titan ရုပ်ရှင်၊ A-Team ကို ဦးဆောင်သူ၊ သုတေသန ပညာရှင်လို သရပ်ဆောင်တဲ့ Kinsey ရုပ်ရှင်၊ နာနီယာကို ကယ်ဆယ်ပေးတဲ့ The Chronicles of Narnia လိုရုပ်ရှင်  အစရှိသဖြင့် အမျိုးအစား၊ ပလက်ဖောင်း မတူတဲ့ ရုပ်ရှင် ပေါင်း ရာကျော်ကို ၁၉၇၃ ခုနှစ်ကတည်းက စတင် ရိုက်ကူး သရုပ်ဆောင်လာ တာ ဖြစ်ပါတယ်။

Liam Neeson ဟာ ခန့်ညားတဲ့ ရုပ်ရည်သွင်ပြင်ပိုင်ဆိုင်တယ် ဆိုတာ ဘယ် သူမှ မငြင်းပါဘူး။ အဖြစ်က ဒီလိုရှိပါတယ်။ Neeson ဟာ နှာခေါင်းရိုး ကျိုး ထားသူပါ။ ဆယ်ကျော်သက် အရွယ်တုန်းက Northern Ireland မှာ လက်ဝှေ့ သမား ဖြစ်ခဲ့ပြီး အသက် ၁၅ နှစ်အရွယ်မှာ နှားခေါင်းရိုးကျိုးသွား ရပါတယ်။ သို့ပေမယ့် အနုပညာမှာ ဆန်းပါလေတော့ အသက် ၂၁ နှစ်က စလို့ ဟောလိဝုဒ်မှာ အောင်မြင်တဲ့ မင်းသား တစ်ဦးဖြစ်လာပြီး ယနေ့ ကမ္ဘာ့ ဝင်ငွေအများဆုံး မင်းသားများ စာရင်းမှာ ပါဝင်နေဆဲ ဖြစ်ကြောင်း သိရ ပါတယ်။
--
Ref: wiki
International news for myanmar

--

0 comments: