Kesha သည် အိုင်ကျူမြင့်လူသား တစ်ဦးဖြစ်


Kesha ဆိုတာ အသက် ၂၆ နှစ်ပဲရှိသေးတဲ့ အမေရိကန် hip hop နဲ့ R&B အဆိုတော်မလေး တစ်ဦး ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်က တေးဂီတ အနုပညာလောကကို စတင် ဝင်ရောက်ပြီး အသက် ၁၈ နှစ်ပဲ ရှိပါအုံးမယ်။ ခုတော့ Billboard 100 မှာလည်း ထိပ်ဆုံး နံပါတ်တွေထဲမှာ သူမ သီချင်းတွေ အမြဲတမ်းလိုလို ပါနေပါတယ်။  ၂၀၁၀ ခုနှစ်က စလို့ နှစ်စဉ် တေးဂီတ ထူးချွန်ဆုများ ရရှိပြီး ကမ္ဘာတစ်ဝန်းမှာ ပရိတ်သတ် အခိုင်အမာရှိတဲ့ အဆိုတော်မလေး ဖြစ်ပါတယ်။


အဆိုမှာတော်တဲ့ Kesha ဟာ သာမန်လူသား မဟုတ်ပါဘူး။ IQ Test မှာ အမှတ် ၁၄၀ အထက် ရရှိပြီး SAT အမှတ်က ၁၅၀၀ တောင်ရပါတယ်။ သူမွေးဖွားတဲ့ ကယ်လီဖိုးနီယားပြည်နယ် လော့အိမ်ဂျလစ် က ကောလိပ် တစ်ခုမှာ Cold War history ဘာသာရပ်ကို အပျော်သဘောနဲ့ ရွေးချယ်ပြီး တက်တယ်လို့ တောင် အင်တာဗျူးမှာ ဖြေကြားခဲ့ပါသေးတယ်။

ဥာဏ်ကြီးရှင် စာရင်းဝင်တဲ့ Ke$ha ဟာ အမြဲလိုလို အိပ်ယာထ နောက် ကျ ပြီး ပျင်းရိနေတတ်ကြောင်း ပါတယ်။ သူမရဲ့  အအောင်မြင်ဆုံး သီချင်း များထဲမှ ၂၀၀၉ က ထွက်ရှိတဲ့ TiK ToK အမည်ရ သီချင်းလေးကို အောက်ပါ ဗီဒီယိုမှာ နားဆင်နိုင်ပါတယ်။
-
International news for myanmar
--

0 comments: