ပုတ်သင် စပိုက်ဒါ



ပုတ်သင်ညိုပါပဲ။ ကင်ညာတို့လို အာဖရိကတိုက် အပူပိုင်းဒေသ မှာ တွေ့ရတတ်တဲ့ Agama mwanzae အမည်ရ ပုတ်သင်ညိုများ ဖြစ်ပါ တယ်။

အမကတော့ အညိုရောင်နဲ့ သစ်ဆွေးရောင်ပါပဲ။ အထီးကတော့ ပုံမှာ မြင်တွေ့ ရတဲ့အတိုင်း ခေါင်းနဲ့ အပေါ်ပိုင်းတစ်ဝိုက်မှာအနီရောင် အစင်းများ ရှိပြီး ကျန်တဲ့ အပိုင်းများက နက်ပြာရောင်များနဲ့ ပြည့်နက် နေ ပါတယ်။ ပင့်ကူလူသား ရုပ်ရှင်ထဲက Spider Man တစ်ကောင်ရဲ့  အရောင်နဲ့ တစ်ထပ်တည်းပါပဲ။

ယင်းကဲ့သို့  Sci-Fi ရုပ်ရှင် ဇာတ်ကောင် ဟီးရီးနဲ့တူညီတဲ့ အရောင်ရှိတာမို့ လူကြိုက်များပြီ ကမ္ဘာ့ဈေးကြီး အိမ်မွေး တိရစ္ဆာန်တစ်မျိုး ဖြစ်လာကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar
--

0 comments: