ကွေးသောလက်မဆန့်မှီ၊ ဆန့်သောလက်မကွေးမှီ


တကယ်ပါပဲ။ Media Group တစ်ခုက အိုင်တီ လူငယ် တစ်ယောက် ကွယ်လွန်သွားတဲ့ သတင်း ဖတ်ရလိုက်ရတယ်။ အသက် ၂၈ နှစ်ပဲ ရှိသေးတယ်။

ခုလေးတင် သူ့ Facebook Profile ကိုဝင်ကြည့်မိပြီး စိတ်ထဲမှာ တစ်မျိုးခံစားနေရပါတယ်။ သူ့အကောင့် ကို တစ်ယောက်ယောက်ပဲ ဆက်သံးမှာလား၊ မသုံးတာကြာလို့ Facebook ကပဲ အလိုလို lock ချပြီး ဖြတ်သွားမှာလားတော့ မသိ။ သူ့အကောင့်ကို ဝင်ကြည့် တိုင်း ကြောက်သလိုလို၊ သံဝေဂ ရသလိုလို ခံစားချက်လေးရပါတယ်။


လူတွေအားလုံး တစ်နေ့ပြီးတစ်နေ့ ရယ်လိုက်မောလိုက်၊ စလိုက်နောက် လိုက်၊ ပျော်လိုက်ပါးလိုက်၊ အနာဂတ်အတွက် ဘဝရည်မှန်းချက်တွေ အမျိုးမျိုး ထားပြီး ရှေ့ ဆက်နေကြပေမယ့် ရှောင်ဖယ်လို့ မရတဲ့ ကံကြမ္မာကို မေ့ထားကြတယ်။ အချို့ ကျတော့လည်း သေရမှာသိပါတယ်တဲ့။ ဒါဆို သိလျက်နဲ့ အတူတူ ကောင်းတာချည်းလုပ်လိုက်ရင် ကိုယ့်မှာ အရှုံးမရှိဘူးလေ။

ဒါဆို ဘယ်အရာတွေကို ကောင်းတယ်လို့ခေါ်တာလဲ။

၁။ ကိုယ့်ကိုယ်ကို မညဉ်းဆဲဘူး။
၂။ သူတစ်ပါးကို မညဉ်းဆဲဘူး။

ကိုယ့်ကိုယ်ကို ညဉ်းဆဲခြင်း

ရှင်းတယ်လေ။ ဘာလို့ လောဘတွေကြီးနေမှာလဲ။ ဘာလို့ မနက်ဖန်အတွက် စိုးရိမ်ပြီး ဗျာများနေမှာလဲ။ ဒေါသ၊ မာန်မာဒ၊ ပရိဒေသ၊ မီး ၁၁ ပါးနဲ့ တောက်လှောင်မှုတွေ ပြင်းထန်နေတယ်။ ဒါကို ပျော်စရာ၊ နှစ်သက်စရာလို့ ထင်မှတ်ပြီး ကိုယ့်ကိုယ်ကို ငြင်းဆဲလို့ ငြင်းဆဲနေမှန်း မသိကြဘူး။ ဒါတွေကို ဖယ်လိုက်ရင် ကိုယ့်ကိုယ်ကို မညဉ်းဆဲ တော့ဘူး။

သူတစ်ပါးကို ညဉ်းဆဲခြင်း

ရှင်းပါတယ်။ အားလုံးသိမှာပါ။ ကိုယ်တောက်လောင်နေတဲ့ မီးအတိုင်း သူများ တောက်လှောင်အောင် လုပ်တာဟာ သူတစ်ပါညဉ်းဆဲခြင်းပါပဲ။

ဒီ ၂ ချက်ပယ်ပြီး ဘဝမှာ ကိုယ်ကျိုး၊ သူကျိုး ကောင်းတာတွေပဲ လုပ်ကြရအောင်။ ပေါ်လစီ စကား ပြောတာမဟုတ်ဘူး။ ကျနော်လည်း ပူလောင်တာတွေများနေပြီ။ ခများတို့လည်း ပူနေမှာပါ။ သံဝေဂလေး ရကြအောင်ဗျာ။ တစ်နေ့ ကျနော်တို့လည်း အသက်မရှိတဲ့ Facebook Profile ကို ထားခဲ့ရမှာပါ။

အောင်ခမ်း (International news for myanmar)

0 comments: