မိမိကြောင့် သာသနာ မညိုးနွမ်းစေပါနှင့်



အလုပ်လုပ်နေစဉ် Facebook Message ဖြင့် မိတ်ဆွေ တစ်ဦးက အောက်ပါစာ ပို့လာပါသည်။

"သာမညဆရာတော်ဘုရား၏ အိမ်မက်အရ လူသားတို.ကောင်းကျိုး အတွက် ဗုဒ္စံဓမ္မံ သံဃာ အန္တော အန္တငါးပါးကို အိပ်ရာဝင်တိုင်း မမေ့နဲ.ကြနှင့် ဥပုဒ်သီလဆောင့်ကြပါ။ သားကြီးငါးကြီးတို.ကိုရှောင်ကြဉ်ပါ။ မကောင်းသော ဒုစရိုက်အလုပ်ကိုရှောင်ကြဉ်ပါ။ ရှောင်ကြဉ်သောသူများ သာမညဆရာတော် ဘုရားအကျိုးပေးမည်။ ဒီစာကိုရသူ တိုင်း(၉)စောင်ဖြန်.ေ ၀ပါ (၉)ရက် အတွင်း တခုခုအကျိုးပေးလိမ့်မည်။ မော်လမြိုင်မြို. ရဟန်းတစ်ပါး သည် ဒီစာကိုရပြီးဖြန်.ဝေခဲ့သဖြင့် သိန်း(၇၀)ထီပေါက်ခဲ့ပါ သည်။ ကျန်အမေအို တစ်ယောက်သည် ဒီစာကိုရပြီးမယုံကြည်စိတ်ဖြင့် မဝေခဲ့သောကြောင့် အမေအို၏ သမီးသည် အလိုလိုနေရင်းသေဆုံး ခဲ့ရသည်။နောက် မှဒီစာကိုသတိရ၍ဖြန်.ဝေခဲ့ရာ အမေအို၏သမီး ရက်လည်နေ့မှာပဲ ထီဆုကြီးပေါက်ခဲ့သည်။ ဒီစာကိုယုံကြည်မှု.ထားပါဒီစာကိုလူ(၂၀)ဝေပေးပါ သင်ကံကောင်းလာလိမ့်မည်။"


--------
------
ရိုးရိုးရှင်းရှင်းနှင့် ပွင့်ပွင့်လင်းလင်းသာ ပြောပါမည်။ အထက်ပါ စာများက သာသနာပျက်စေရန် တစ်နည်းတစ်ဖုံ ထောက်ပံ့နေခြင်းပင်။

စာတွင် အကြောက်တရားများ လွမ်းမိုးနေသည်။ ကျိန်စာလိုလို၊ ခြိမ်းခြောက် စာလိုလို သဘော သက်ရောက်ပြီး သဘောတူတူမတူတူ၊  လက်ခံခံ မခံခံ ဒါကို လုပ်ကိုလုပ်ရမယ် ဆိုသော သဘောများ တွေ့ရပါသည်။

ဗုဒ္ဓဘာသာဟူသည် အကြောက်တရားနှင့် စည်းရုံးအပ်သော အရာ မဟုတ်ပါ။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် သာသနာ ပြုစဉ်ကာလက င့ါဘာသာကို ကိုးကွယ်ချေ၊ င့ါတရားကိုလာနာချေ ဟူ၍ အမိန့်ပေး စေခိုင်းမှုများ မရှိခဲ့ပါ။ ဗုဒ္ဓဘာသာသည် အကြောက်တရား ပယ်စေသော ဘာသာဖြစ်ပြီး အကြောက်တရားနှင့် လွမ်းမိုးသော ဘာသာ မဟုတ်ရပါ။

ယခုကဲ့သို့ ခြိမ်းခြောက်စာများ (ဒေါသ၊ အာကာသ) နှင့် မက်လုံးပေးစာများ (လောဘ) များက ဗုဒ္ဓဘာသာနှင့် လုံးဝ ဆန့်ကျင့်ဘက်ပင် ဖြစ်သည်။

မိမိသည် သာသနာ ပြုလိုလျှင် မှန်ကန်သော သာသနာပြုနည်းလမ်း စဉ်အတိုင်း လေ့လာပြီးမှ သာသနာပြုအပ်သည်။ လောဘ၊ ဒေါသ၊ မာန်မာန၊ ဝါဒ၊ အာကာသ အစရှိသဖြင့် အကုသိုလ် ဟိတ်တရားတို့ လွမ်းမိုးသော စာများက သာသနာအား အင်မတန် ငြိုးနွမ်းစေပါသည်။

ယခုစာကို ဖတ်၍ ဗုဒ္ဓဘာသာအား အဓွန့်ရှည်တည်တံ့စေရန် မှန်ကန်သော နည်းလမ်းဖြင့် သာသနာ ပြုနိုင်ရန် ဆန္ဒပြု ရေးသား အပ်ရပါသည်။
--
အောင်ခမ်း
(International news for myanmar)

0 comments: