မျောက်ကြည့်မျက်မှန် (BokitoKijkers)



 ၂၀၀၇ ခုနှစ်တုန်းက နယ်သာလန်နိုင်ငံ တိရစ္ဆာန် ဥယျာဉ် တစ်ခုမှာ ဂေါ်ရီ လာ (Bokito အမည်ရ) မျောက်ဝံတစ်ကောင်ရဲ့  တိုက်ခိုက်မှုကို လူသုံးလေးယောက် လောက် ခံလိုက်ရပါတယ်။

အဓိကကတော့ Eye Contact ပါပဲ။ ဂေါ်ရီလာအပြင် အခြားသော မျောက်နဲ့ လူဝံများဟာ သူတို့ကို လူတွေက စိုက်ကြည့်တာ မကြိုက်ကြပါဘူး။ ယင်းကတော့ သူတို့က ဘာသာ တစ်မျိုးပြန်ပြီး တိုက်ခိုက်ပါတယ်။  ယင်း တိုက်ခိုက်မှုကို ရှောင်လွဲပြီး ဂေါ်ရီလာ မျောက်ဝံနဲ့ အခြားမျောက်များနဲ့ အရင်းတနှီးနေလို့ ရမယ့် နည်းလမ်းကို ရှာဖွေခဲ့ပါတယ်။

DDB Amsterdam အမည်ရ Media and Advertising ကုမ္မဏီက ဒီဇိုင်းဆွဲပြီး ဒေသခံ အသက်အာမခံ ကုမ္မဏီ တစ်ခုက  BokitoKijkers ("Bokito viewers") လို့ခေါ်တဲ့ မျက်မှန်ကို တီထွင်ဖန်တီးလိုက်ပါတယ်။ အခု ၂၀၀၀ ကျော် ဖန်တီးပြီး တိရစ္ဆာန်ဥယျာဉ်မှာ အသုံးပြုစေခဲ့ပါတယ်။

ဒီတော့ မျောက်နဲ့ မျောက်ဝံ ပွဲတော်တွေပြုလုပ်ရင် ယင်းမျက်မှန်များကို အသုံးပြုရပါတယ်။ မျက်လုံးက အခြားတစ်နေရာကို ကြည့်နေတဲ့ ပုံစံမျိုး စက္ကူမျက်မှန်မှာ ပြုလုပ်ထားတော့ မျောက်များက သူတို့ကိုကြည့်နေမှန်း မသိပါဘူး။ ဒီတော့ အနီးကပ်နေပြီး မျောက်ကို ထိတွေ့လို့ ရပါတယ်။

မျောက်များအနေနဲ့ လည်း သူတို့က အခြားတစ်ဖက်ကြည့်တယ် အထင်နဲ့ လိုက်ကြည့်ပြီး မျောက်တိုက်ခိုက်တဲ့ အန္တရာယ်မှ ကင်းဝေးရပါတယ်။

BokitoKijkers အမည်ရ မျောက်ကြည့် မျက်မှန်ဟာ နယ်သာလန်က ဒီဇိုင်း ဆုပေးပွဲများမှာ ဆုများ ရရှိခဲ့ပြီး ယနေ့တိုင် ထူးခြားပြောင်မျောက်တဲ့ တီထွင်မှု တစ်ခုအနေနဲ့ ကျန်ရှိလျက် ရှိကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar
--

0 comments: