အမေရိကန် Iowa ပြည်နယ်တွင် မျက်မမြင်များ သေနတ်ကိုင်ခွင့်ရ



အမေရိကန်ပြည်ထောင်စု Iowa ပြည်နယ်မှာ မျက်မမြင်များ သေနတ် ကို လူစည်ကားရာ အရပ်များသို့ သယ်သွားသယ်လာ ကိုင်ဆောင်ခွင့် ပေး ထား ကြောင်း သိရပါတယ်။


(ပုံကတာ့ Eli ရုပ်ရှင်ထဲက မင်းသားပါ)

အမေရိကန်နိုင်ငံမှာ အများပြည်သူများ သေနတ်ကိုင်ဆောင်ခွင့် ဥပဒေ ရှိပါတယ်။ သို့ပေမယ့် ယင်းဥပဒေက ပြည်နယ် တစ်ခုနဲ့ တစ်ခု မတူညီပါဘူး။ ပြီးတော့ ကိုင်ဆောင်ခွင့်ရတဲ့ ပုဂ္ဂိုလ်ချင်းလည်း မတူပါဘူး။ ဥပမာ အချို့ ပြည်နယ်က မြို့ တွေမှာဆိုရင် ကျောင်းဆရာတွေပဲ ကိုင်ဆောင် ခွင့် ရသလိုမျိုး ဖြစ်ပါတယ။် Iowa ပြည်နယ်မှာကျ မျက်မမြင် အပြင် ဒုက္ခိတ အားလုံးကို သေနတ် ကိုင်ဆောင်ခွင့် ပေးမှာ ဖြစ်ပါတယ်။

ယင်း ပြည်နယ်မှာ မသန်စွမ်းသူများရဲ့  အသက် အန္တရာယ် ခြိမ်းခြောက်မှုကို ၂၀၁၁ ခုနှစ်မှာ သိသိသာသာ မြင့်လာတဲ့အတွက် ယခုကဲ့သို့ ဥပဒေ သတ်မှတ် လိုက်ခြင်း ဖြစ်ပါတယ်။ ဒီအတွက် ထောက်ခံတဲ့ သူ ရှိသလို၊ မနှစ်သူ တွေလည်း ရှိပါတယ်။ မျက်မမြင် သေနတ်ကိုင်ဆောင်ခွင့်ဟာ ပိုပြီး တော့ ရာဇဝတ်မှု ဖြစ်လာလေမလားလို့လည်း စောင့်ကြည့်လျက် ရှိကြကြောင်း သိရပါတယ်။
.
Ref: foxnews
International news for myanamr

.

0 comments: