အနင်းခံရမှ အနေသက်သာသူ


တကယ်ပါ။ ကမ္ဘာမှာ လူအချို့ ချို့ သာ ဖြစ်တတ်တဲ့ ရောဂါထဲမှာ Georgio T လို့အမည်ရတဲ့ လူရဲ့  ရောဂါက ပိုလို့ထူးခြားနေပါတယ်။ အနင်းမခံရရင် မနေနိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။


အမေရိကန်ပြည်ထောင်စု Manhatan မှာ နေထိုင်ပြီး လွန်ခဲ့တဲ့ ၁၅ နှစ် ကျော်ကတည်းက အနင်းခံလာသူ ဖြစ်ပါတယ်။ အစကတော့ ကြောင် လေးတွေ သူ့ကိုယ်ပေါ်မှာ ဖြတ်းသန်းသွားလာမှုကို နှစ်သက်ခဲ့ပြီး နောက်ပိုင်း လူတက်နင်းတဲ့ အရသာကို ခံယူတဲ့အထိ တက်နင်းခံရတာကို စွဲလမ်း သွားခဲ့ ပါတယ်။ သူက အသက် ၅၂ နှစ် ရှိပါပြီ။

ဒါကြောင့် အနင်းခံရတာကို ဆေးစွဲသလို စွဲပြီး နေအိမ်အနီးအနားက လူတွေကို တောင် ပိုက်ဆံပေးငှားလို့ တင်နင်းခိုင်းတဲ့အထိကို ပြုလုပ် ခဲ့ပါတယ်။ နောက်တော့ အထူးသဖြင့် ဒေါက်ဖိနပ်စီးတဲ့ အမျိုးသမီးတို့ တက် နင်းတာကို ပိုလို သဘောကျပြီး ကလပ်တွေထဲမှာ မိန်းကလေးတွေ ကို တောင် အခကြေးငွေ ပေးလို့ နေစဉ် တက်နင်း ခိုင်းပါတယ်။

အချိန်အတော်ကြာ လက်တွေ့စမ်းသပ်မှုအရ လူပေါင်းမြောက်များစွာ တစ်နေကုန် တက်နင်းတာတောင် ဘာမှ ထိခိုက်နာကျင်မှု မရှိပဲ ပိုလို့ တောင် နေရထိုင်ရ သက်သာတယ်လို့ ဆိုပါတယ်။ သူ့ရဲ့  ထူးခြားတဲ့ ကိုယ်ခံအား ကြောင့် ဂင်းနစ် စံချိန် တင်နိုင်ဖွယ် ရှိကြောင်း သိရပါတယ်။
.
Ref: dailmay
Aung Kham (International news for myanmar)
International news for myanmar

.

0 comments: