၈၄ လက်မ မျက်နှာပြင်မှာ Fruit Ninja ကစားမယ်


Intel Developer Forum မှာ ပြသထားတဲ့ Touchscreen တီဗီကြီး ဖြစ် ပါတယ်။ ၈၄ လက်မ Planar touchscreen 4K TV ဖြစ်ပြီး Intel ရဲ့  NUC mini PC နဲ့ချိတ်ဆက်ထားခြင်းပါ။ ဒါကြောင့်လည်း Fruit Ninja ဂိမ်းကို ဆော့နိုင်ခြင်း ဖြစ်ပါတယ်။


3840x2160 piexl panel ပေါ်မှာ စကေးအသေးစိတ်ကျနေတဲ့ ဂိမ်းကို မြင်တွေ့ ရမှာပါ။ multi touch အနေနဲ့ 6 point touch အထိ လက်ခံနိုင်တယ်လို့ ဆိုပါတယ်။ Intel ရဲ့  စတုတ္ထမျိုးဆက် Intel i5 NUC နဲ့ ကောင်းကောင်း အလုပ်လုပ်တဲ့ Display လို့ ဆိုပါတယ်။ Graphic က Intel 5000 မို့လို့ပါ။ ရည်ရွယ်ချက် အနေနဲ့ ကတော့ လုပ်ငန်းခွင်သုံး၊ ပညာရေးနဲ့ သုတေသန များအတွက် အသုံးပြုစေဖို့ ဖြစ်ပါတယ်။ ပြပွဲ မှာတော့ လူဆော့များတဲ့ Fruit Ninja ဂိမ်း စမ်းသပ်ဆော့လို့ ရအောင် ပြု လုပ် ပေးထးပါတယ်။

ဒါကြောင့် ရုပ်ရှင်တွေထဲကလို touchscreen မျက်နှာပြင်အကြီးစားများဟာ တကယ်ဖြစ်အောင် ဖန်တီးလို့ ရနိုင်ကြောင်း Intel က သက်သေ ပြ လိုက်ခြင်း ဖြစ်ပါတယ်။
.
Ref: pocketlint
Aung Kham (International news for myanmar)

.

0 comments: