Instagram က ၉/၁၁ အမှတ်တရ အကောင်းဆုံး ဓာတ်ပုံများ

ဓာတ်ပုံများ အဓိက မျှဝေတဲ့ ဆိုရှယ်နတ်ခ်ဝေါ့ Instagram ပေါ်မှာ ၂၀၁၃ခုနှစ် ၉ လ ပိုင်း ၁၁ ရက်နေ့ (စက်တင်ဘာ ၁၁) မှာ WTC ဓာတ်ပုံတွေနဲ့ စည်ကားခဲ့ပါတယ်။


New York City မှာရှိတဲ့ World Trade Center ကို အိုစမာဘာလင်ဒင် ဦးဆောင် အယ်လ်ကေးဒါးတို့ရဲ့  တိုက်ခိုက် ဖျက်ဆီးခဲ့တာ ၂၀၀၁ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ယခု ၂၀၁၃ ဆိုရင် ၁၂ တိတိ ပြည့်သွားပါပြီ။ ၁၂ နှစ်ပြည့်ပြီးပေမယ့် World Trade Center အနီးမှာ အမှတ်တရ ရေကန်၊ ကျောက်တိုက် နဲ့အမှတ်အသား အဆောက်အအုံအချို့ က ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ ယင်း ကျန်ရှိနေတဲ့ နေရာနဲ့ ပြန်လည်တည်ဆောက်သော WTC ကို ဓာတ်ပုံရိုက်လို့ အမေရိကန်ရဲ့  Instagram ကွန်ရက်မှာ စည်ကားခဲ့ပါတယ်။

ယင်းထဲမှ အကောင်းဆုံး ဓာတ်ပုံများကို ရွေးချယ်လို့ Mashable ဝဘ်ဆိုဒ်မှာ ပြန်လည်ရွေးချယ် ဖော်ပြခဲ့ပြီး ယင်း ဓာတ်ပုံများကို တစ်ဆင့်ပြန်လည်မျှဝေ ပေးလိုက် ရပါတယ်။
.
Ref: Mashable
Aung Kham ( International news for myanmar)


















































0 comments: