အဲဒါ သံချေးရောင်ပါ



ဆေးရုံတစ်ခုမှာ ဖြစ်ပါတယ်။ ကလေးမွေးဖွားပြီးနောက် ဖခင်ဖြစ်သူဟာ ဆရာဝန်ကို  ယခုဆို စကားသွားဆိုပါတယ်။

"ဆရာ. ကျွန်တော်တို့ လင်မယား ၂ ယောက်လုံး ဆံပင်အနက်ရောင်ပါ။ ကျွန်တော်တို့ ကလေးကျမှ ဘာလို့ ဆံပင်နီဖြစ်နေတာလဲဗျာ"


ဆရာဝန် ဟာ မလုံမလဲနဲ့ပဲ

"ဟာ.. ဒါက ဖြစ်တတ်ပါတယ်ဗျာ"

ဖခင်ကတော့ "- မဖြစ်နိုင်ပါဘူး ဆရာ၊ ကျွန်တော့ဘက်က ဆွေမျိုးရော၊ ဇနီးဘက်က ဆွေးမျိုးရော အားလုံး ဆံပင်အနက်တွေချည်းပါဗျာ. ဒါကတော့ မဖြစ်နိုင်ဘူးထင်တယ်" လို့ပြန်ပြောပါတယ်။

ဆရာဝန်  က " ကဲဗျာ။ ကျွန်တော်သက်သေပြမယ်။ ခများတို့ ကလေးရဖို့ ဘယ်နှစ်ကြမ်ကြိုးပမ်းခဲ့သလဲ" လို့ မေးလိုက်ပါတယ်။

ကလေးအဖေဟာ ရှက်ကိုးရှက်ကန်းနဲ့ အမှန်အတိုင်း ဖြေပါတယ် - 

"လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်တုန်းကစုလို့ ကျွန်တော် အလုပ်ကြိုးစားခဲ့တယ်။ ဒီအတွက် အချိန် မပေးနိုင်ဘူး။  လအတော်ကြာမှ တစ်ကြိမ်စီ လားပဲ ကြိုးပမ်းခဲ့ ဖူးတယ် ထင်ပါတယ်"

ယင်းနောက် ဆရာဝန်ဟာ ယုံကြည်ချက် အပြည့်နဲ့ အောက်ပါ အတိုင်း ပြန်ဖြေ ပါတယ်။

"အမှန်ပဲဗျာ။ အဲဒါ ခများ ကလေးစစ်စစ်----

 သူ့ဆံပင်က သံချေးရောင်ပါ" 

--
Ref: everydaylol
ရိုးရာလေး ဟာသ

http://www.yoyarlay.com/international-news/usa/34104-this-is-rust

--

0 comments: