Fast and Furious တွင် သရုပ်ဆေင်သော်လည်း ကားမောင်းလိုင်စင်မရှိခဲ့သူ





Letty ဆိုတဲ့အမည်နဲ့ ပါဝင်တဲ့ မင်းသမီး Michelle Rodriguez ကို သိကြမှာပါ။ ၂၀၀၁ ခုနှစ်က ပထမဆုံး Fast and Furious စလို့ စီးရီးမှာ ပါဝင်လာသူ အမေရိကန် မင်းသမီး တစ်ဦး ဖြစ်ပါတယ်။


Fast and Furious ဆိုတာ ကားမောင်းပြီး တိုက်ခိုက်တဲ့ အက်ရှင်ဇာတ်ကားတစ်ခုပါ။ ယင်းကဲ့သို့ ဇာတ်ကားမှာ Michelle တစ်ယောက် ကားမောင်းလိုင်စင် မရှိခဲ့သေးဘူးဆိုရင် လူတိုင်း ယုံရခက်နေပါတယ်။ သို့ပေမယ့် အဲဒါ တကယ်အစစ်ပါပဲ။ ကားမောင်းသင်တာကို အချိန်ကာလတို ပြုလုပ် ကြိုးစားခဲ့ပြီး ဇာတ်လမ်းထဲက ကားမောင်းရှင်ကို လူစားမထိုးပဲ သရုပ်ဆောင်ခဲ့ပါတယ်။

အက်ရှင်ဇာတ်ကားတွေမှာ ပြောင်ပြောင်မြောက်မြောက် သရုပ်ဆောင်နိုင်တဲ့ မင်းသမီး Michelle Rodriguez ရဲ့  အနုပညာ သက်တမ်းတစ်လျှောက်မှာ ယင်းကဲ့သို့ အလားတူ ထူးခြားမှုများ ရှိနေသေးကြောင်း သိရ ပါတယ်။
.
Ref: celechief
Aung Kham (International news for Myanmar)
International news for Myanmar

0 comments: