HTC One လည်း ရွှေရောင်ဗားရှင်းထုတ်မည်



HTC က တရားဝင်အတည်မပြုသေးပေမယ့် ဓာတ်ပုံနဲ့ သတင်း ကတော့ Leak ဖြစ်နေပါပြီ။


ရွှေရောင် HTC One ပါဆိုပြီး အထပ်ပါဓာတ်ပုံအတိုင်း မြင်တွေ့ ရပါတယ်။ တစ်လောကပဲ အပြာရောင် HTC One ကို ပြသခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ် ခါတော့ ရွှေရောင် HTC One ကို မြင်တွေ့ရမယ့် အနေအထား တစ်ခုပါ။ iPhone 5S က ရွှေရောင်ထုတ်တော့ ထိုင်ဝမ် HTC လည်း အားကျ မခံ ရွှေရောင်ထုတ်ခြင်းဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။ HTC ကတော့ One မျိုးဆက်ကို အရောင်အမျိုးမျိုးနဲ့ အရှိန်မပြတ်အောင် ဆက်ထုတ်ဖို့ စီမံကိန်း ချပြီးသား ဖြစ်ပါတယ်။

အပြာရောင်ဗားရှင်းကို ဈေးကွက်မှာ ရရှိနိုင်နေပြီ ဖြစ်ပြီး ပုံမှာ မြင်တွေ့ ရတဲ့ ရွှေရောင် HTC One ကိုလည်း ဖြန့်ချိရောင်းချတော့မယ်လို့ ခန့်မှန်း ထားကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)

.

0 comments: