ဂိုဏ်းစတားမှန်ရင် ရွှေရောင်ဖုန်း မသုံး - မှ နိုကီယာ



Apple ရဲ့  iPhone 5C နဲ့ 5S ကို မနေ့ညက မိတ်ဆက် ပြီးသွားပါပြီ။ ဒီအတွက် Nokia ရဲ့  တုန့်ပြန်သံတွေက နေ့ချင်းညချင်း မြင်ရပါတယ်။


ပုံမှာ မြင်တွေ့ရသလိုပါပဲ။ တကယ့် ဂိုဏ်းစတားများဟာ ရွှေရောင် ဖုန်း မသုံး ဆိုတဲ့ စာနဲ့ ပုံကို တင်ပြီး Nokia ဖုန်းကိုလည်း Promote ထပ်လုပ် သွားပါတယ်။ iPhone 5S ကိုအပြင် iPhone 5C ကိုလည်း လောင်ပြောင် ပြောဆိုပါတယ်။ ပလပ်စတစ် ကိုယ်ထည်နဲ့ ဖုန်း ဘယ်တော့မှ မထုတ်လို့ စတိဗ်ဂျော့ ပြောခဲ့ပေမယ့် Tim Cook ခေတ်မှာ ပလပ်စတစ်ဖုန်းကို တကယ်မြင်တွေ့ရပါပြီ။ ဈေးသက်သာမယ်လို့ ပြောပေ မယ့် အနိမ့်ဆုံးဈေးက ၅၄၉ ဒေါ်လာတောင် ဖြစ်ပါတယ်။

ဖုန်း မှာထူးခြားသွားချက်က လက်ဗွေစနစ်ပါဝင်မှု ဖြစ်ပါတယ်။ iPhone 5S ကတော့ ရွှေရောင်ပါထွက်လာတာမို့ Nokia က ယခုလိုပြောဆို ခြင်းပါ။ Nokia ဟာ ၎င်းတို့ Advertisement အတွက် Apple ကို လောင်ပြောင်တဲ့ စာ၊ ဗီဒီယို၊ စကားများ အသုံးပြလေ့ ရှိပါတယ်။
.
Aung Kham ( International news for myanmar)

International news for myanmar

.

0 comments: