ဂျပန်အမျိုးသားတို့ လစာ ၂ ခု ရ


တစ်မျိုးမထင်ပါနဲ့။ လစာ နှစ်ခုရတယ်ဆိုတာ အလုပ်ကုမ္မဏီမှ ရတဲ့ လစာနဲ့ ဇနီးသည်ထံမှ ရရှိတဲ့လစာပါ။ ဒီတော့ များလှချည်လားလို့ ထင်ရင် မှားသွား ပါမယ်။


ကုမ္မဏီမှ ရတဲ့ လစာကို  အမျိုးသမီးထံ အပ်ရပြီး အမျိုးသမီးထံမှ လို သလောက် ပြန်တောင်းသုံး ရခြင်း ဖြစ်ပါတယ်။ ဒီအတွက် အမျိုးသမီး မှ ပြန်တောင်းတဲ့ လစာကို okozukai လို့ ဂျပန်လို့ ခေါ်ပါတယ်။ အင်္ဂလိပ်လို ဘာသာပြန်တော့ Pocket Money လို့ အလွယ်သိနိုင် ပါတယ်။ အာရှ တိုက်မှာ ဂျပန်နိုင်ငံဟာ အိမ်အသုံး စရိတ်နဲ့  ပက်သက်လို့ အမျိုးသမီးက ကွပ်ကွဲမှု အများဆုံး ဖြစ်ပါတယ်။

မိသားစု ဘဏ္ဍာရေးကို အမျိုးသမီးက အများစု ထိန်းချုပ်ကိုင်တွယ်ပေးရပြီး ဂျပန်နိုင်ငံသားများရဲ့  ဝင်ငွေထွက်ငွေကို မျှတစေခြင်း ဖြစ်ပါတယ်။ ဂျပန် တင်မကပဲ အာရှနိုင်ငံအများစုမှာ ခင်ပွန်း အမျိုးသားများရဲ့  ဝင်ငွေကို ဇနီးဖြစ်သူတို့က ထိန်းချုပ်လေ့ရှိကြောင်း သိရပါတယ်။
.
Ref: dyknow
Aung Kham ( International news for myanmar)

.

0 comments: