Samsung ရဲ့  အကောင်းဆုံး Tablet- Samsung Galaxy Tab 2 -7"



တောင်ကိုရီးယား အီလက်ထရောနစ် ကုမ္မဏီ Samsung ထုတ် ကျောက် သင်ပုန်း ကွန်ပျူတာများဟာ ဥရောပမှာ အရောင်းသွက်တယ်လို့ သိရပါ တယ်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက စတင်ဖြန့်ချိခဲ့ပြီး ၁၀ လ ပြည့်တော့ မှာ ဖြစ်ပါတယ်။


Apple ရဲ့  iPad ရောင်းအားကို မမှီနိုင်သေးပေမယ့် နောက်ထပ် Tab ဗားရှင်း အသစ်များနဲ့ အမှီလိုက်နိုင်ဖို့ ကြိုးစားနေပါတယ်။ အမေရိက ဈေးကွက်မှာ လည်း ပြန်လည်ရောင်းချခွင့် ရရှိခဲ့တဲ့ Samsung ရဲ့  Tablet ဖြစ်ပါတယ်။ Samsung Galaxy Tab ရဲ့  နောက်ထပ် မော်ဒယ်သစ်အနေနဲ့ Galaxy Tab 2 ၇ လက်မ၊ ၈.၉လက်မ၊ ၁၀.၁ လက်မ ဆိုပြီး သုံးမျိုး ထုတ်လုပ်ပါတယ်။ သို့ပေမယ့် အကောင်းဆုံး ကတော့ Samsung Galaxy Tab 2 7" ဖြစ်ပါ တယ်လို့ ပြောဆိုထားပါတယ်။

ပထမဦးဆုံး Super AMOLED မျက်နှာပြင်သုံးတဲ့ Samsung ရဲ့  Tablet ပဲ ဖြစ်ပါတယ်။ 10.1 နဲ့ 8.9 မှာတောင် AMOLED မသုံးထားပါဘူး။ Processor ကလည်း Tab 2 7" ကအကောင်းဆုံး ဖြစ်ပြီး 1.4 GHz dual-core ARM Cortex-A9 ကို အသုံးပြု ထားပါတယ်။ Samsung Galaxy Tab 2 က အင်တာနက်အသုံးပြုလို့ ကောင်းတယ်လို့ User များက ဆိုပါတယ်။ သူက L!ve Panels, Mini Apps Tray, Social Hub, Reader's Hub, Media Hub, Music Hub အစရှိသဖြင့် application နဲ့ Feature များ ထည့်သွင်းပေးထားတဲ့အတွက် ဖြစ်ပါတယ်။

Dimensions        : 7.74 inx5.24 inx0.31 in
Weight                : 340 g

Operating system :    Android 3.2 Honeycomb (upgradable to 4.0)
CPU                       : 1.4 GHz dual-core ARM Cortex-A9

GPU                       : ARM Mali-400 MP
Memory               : 1 GB

Storage               : 16/32/64 GB flash memory
microSD slot        :  (up to 32 GB)

Display               : 1280×800 px (1 megapixel),
                            7.7 in (20 cm) diagonal, 197 ppi,
                            Super AMOLED Plus display

Rear camera      : 3.0 MP AF camera with LED flash, 2.0 MP front facing (for video calls)

Connectivity       : HSPA+ 21 Mbit/s 850/900/1900/2100 MHz
EDGE/GPRS 850/900/1800/1900 MHz
Wi-Fi 802.11a/b/g/n, Bluetooth 3.0, HDMI (external cable)

အားနည်းချက် - touch အားနည်းခြင်း၊ အင်တာနက် Browser အသုံးပြုရ စိတ်တိုင်းမကျခြင်း

အားသာချက် - အချိုးအစား အံကိုက်ဖြစ်ခြင်း၊ ဈေးသက်သာခြင်း၊ Performance ကောင်းခြင်း၊ အသွင်လှခြင်း။

ကြယ်လေးပွင့်နဲ့ rating ပေးတဲ့ စနစ်မှာ Tab 7.0 က လေးပွင့် ရရှိထားပါ တယ်။ လက်ရှိ မြန်မာပြည်မှာ Tab 2 ၇ လက်မရဲ့  တန်ဖိုးက ၃ သိန်း၁သောင်း ဝန်းကျင် ပေါက်ဈေးရှိပါတယ်။ Tablet, Computer ဆိုင်တော်တော်များများမှာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ Samsung galaxy Tab 2 7" အသစ် Seal Package ကို ၂သိန်းခွဲကျော်နဲ့ ရောင်းတယ်လို့ www.ads.com.mm မှာ တင်ထားတာ တွေ့ရပါတယ်။ စိတ်ပါဝင်စား သူများ အောက်ပါ လခ့်မှာ ဝင်ရောက် လေ့လာမှာ ယူနိုင်ပါ တယ်။

http://www.ads.com.mm/for-sale/mobile-phone/samsung/samsung-galaxy-tab-2-7-new-seal-package-16494.html#
---


0 comments: