Hua Shan တောင်ကမ်းကမ်းပါးက ဘုံကျောင်းများ


တရုတ်နိုင်ငံအနောက်မြောက်ပိုင်း၊ Shaanxi ပြည်နယ်၊ Huayin မြို့ အနီးက Hua Shan အမည်ရတာင် ဖြစ်ပါတယ်။

အမြင့်ပေ ၇၀၇၀ ပေ ရှိတဲ့ တောင်ရဲ့  နံရံ တွေမှာ တရုတ်ဘုန်းကြီးကျောင်း၊ ဘုံကျောင်းများ အများအပြား တည်ဆောက်ထား ပါတယ်။ တောင်ခြေ၊ တောင်နံရံ၊ တောင်ထိပ် နေရာတော်တော်များများမှာ ဘုံကျောင်းများ ရှိနေပါတယ်။ ရှေးယခင်ကတည်းက ယုံကြည်လာတဲ့ ဘာသာရေး အစွဲအလမ်းအရလည်း ယင်းတောင်မှာ အောက်ဘုံက ဘုရား၊ နတ်ဆိုးတို့ နေထိုင်တယ်လို့ ဆိုပါတယ်။ ဘုံကျောင်းအချို့ ဆိုရင် ၂ ရာစု ခေတ်တွေကတည်းက တည်ရှိခဲ့တာ ဖြစ်ပါတယ်။

ပုံမှာဆိုရင်လည်း တောင်နံရံမှာ တည်ဆောက်ထားတဲ့ ဘုံကျောင်း ကို တွေ့မြင် နိုင်ပြီး ရှေးယခင်ကတည်းက တည်ရှိတဲ့ ကျောင်း ဖြစ်ပါ တယ်။ ကျောင်းပေါ်ရောက်ဖို့ ဖောက်ထားတဲ့ လမ်းက ကြောက် စရာ ကောင်းပေမယ့် ကမ္ဘာလှည့်ခရီးသည်များ အတွက်ကတော့ စိတ်ဝင် စားစရာ နေရာဒေသ တစ်ခုအဖြစ် တည်ရှိကြောင်း သိရပါတယ်။
--
Ref: wiki

www.house.com.mmm
https://www.facebook.com/house.com.mm

0 comments: