ရေအောက်စတိတ်စင်/ စတူဒီယို


အင်္ဂလန်နိုင်ငံ၊ Buckinghamshir ပြည်နယ် Iver မြို့ မှာ ရှိတဲ့ ရေအောက် စတူဒီယို တစ်ခု ဖြစ်ပါတယ်။

ဥရောပမှာ တစ်ခုတည်းသော စတူဒီယို ဖြစ်ပါတယ်။ စတိတ်စင်ရယ်လို့ မက ပဲ အခြားသော ရေအောက် ကမ္ဘာပုံစံငယ်များ၊ အိမ်ခန်းများလည်း ပြု လုပ်ပေးထားပါတယ်။ ရေတွေနဲ့ပြည့်နေပြီး ရုပ်ရှင် ရိုက်ကူးသူများ၊ ဓာတ်ပုံ၊ ကြော်ငြာရိုက်ကူးသူများအတွက် နေရာ တစ်ခု ဖြစ်ပါတယ်။


ဧပြီလ ၂၄ ရက်နေ့ ၂၀၀၄ ခုနှစ်က စဆောက်ပြီး ၂၀၀၅ ခုနှစ်မှာ စတင်ဖွင့် လှစ် ပါတယ်။ အားလုံး ပြီးတယ်လို့ မဟုတ်ပဲ ပြီးသလောက်နဲ့ စဖွင့် တာ ဖြစ် ပါတယ်။ ယခုတော့ အားလုံး ပြီးစီးပြီ ဖြစ်ပေမယ့် Development များလည်း ဆက်လုပ်နေပါတယ်။ ရေကို အပူပေးထား ရပါတယ်။ ၃၀ ဒီဂရီ စင်တီဂရိတ် မှာ ထားရှိထားပြီး ultraviolet system  နဲ့ ရေသန့်ထား တာကြောင့် ရေကူး ကန်က ရေနဲ့တောင် မတူပဲ သဘာဝအတိုင်းကို ကြည်လင်နေတာ ယခု လို မြင်တွေ့ ရပါတယ်။ ကန်ထဲမှာ လက်ဝှေ့စင်ထား တာတို့၊ ကားဝင်မောင်း တာတို့၊ အခြားသော ပစ္စည်းများ ထားရှိတာတို့ကအစ အသေအချာ စီစဉ် ပြု လုပ် ရပါတယ်။

ရုပ်ရှင်၊ ဂီတ အနုပညာ အတွက် အသုံးချမှုအပြင် လာရောက် လေ့လာ သူများနဲ့လည်း ရေအောက် စတူဒီယိုက လူစည်ကားလျက် ရှိကြောင်း သိရ ပါတယ်။
--
Ref: cool-place
International news for myanmar

0 comments: