တစ်လပြည့်ပြီ ဖြစ်သော iPad mini



iPad mini နဲ့ iPad 4 နှစ်ခုလုံးကို ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့မှာ တစ်ပြိုင်နက်တည်း ဖြန့်ချိခဲ့ပါတယ်။ ဒါကြောင့် တစ်လပြည့်ပြီ ဖြစ်ပါတယ်။ iPad 4 ကတော့ the new iPad ကနေ ထပ်မြင့်လာတဲ့ ဗားရှင်းဖြစ်ပြီး iPad mini ကတော့ မျိုးဆက်သစ် ဖြစ်ပါတယ်။


၉.၇ လက်မ iPad ကို ပုံမှန် ထုတ်လုပ်ရာကေန ၇.၉ လက်မအရွယ်ငယ်ကို တိုးထုတ်ခြင်းရဲ့  ရည်ရွယ်ချက်ကို ဘယ်သူမှ နက်နက်နဲနဲ မသိခဲ့ပါဘူး။ ယင်းသို့ ထုတ်လုပ်ခြင်းဖြင့် iPad 4 ရောင်းအားကို ထိခိုက်နိုင်မယ်ဆိုတာ ကိုလည်း Apple တို့ ကြိုတင်တွက်ချက်ထားခြင်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ iPad 4 ရောင်းအား နဲ့အတူ iPad mini အသေးကလည်း ပုံမှန် အရောင်းသွက်နေပါတယ်။ Kindle Fire နဲ့အခြားသော e-reader နဲ့ Tablet အငယ်စားများကို ယှဉ်ပြိုင်ဖို့ ဖြစ်ပါတယ်။ ကျောက်သင်ပုန်း ကွန်ပျူတာ ဈေးကွက်မှာ နံပါတ် ၁ ဖြစ်နေတဲ့ Apple အနေနဲ့ အသေးစား Tablet ဈေးကွက်ကိုလည်း အပိုင်စည်းဖို့ ကြိုးစားခြင်း ဖြစ်ပါတယ်။

သို့ပေမယ့် iPad mini ဟာလည်း Apple ရဲ့  အစဉ်အလာကို ထိန်းလို့ Tablet ကောင်းတစ်ခု ဖြစ်နေတာကို အများက လက်ခံခဲ့ကြပါတယ်။ အလွယ်မှတ်နည်းအားဖြင့် iPad mini ရဲ့ အတွင်း Specification များဟာ iPad 2 နဲ့အတူတူပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ မျက်နှာပြင် resolution ကလည်း 1024 × 768 px  ဖြစ်တဲ့အတွက် အတူတူပဲ ဖြစ်ပါတယ်။  LED-backlit Multi-Touch display ကိုအသုံးပြု ပါတယ်။ retina မဟုတ်ပါဘူး။

CDMA ရော၊ GSM Network ရော အသုံးပြုလို့ရတဲ့အတွက် Unlock လုပ်၊ Jailbreak လုပ်နိုင်ရန် ဟန်းဖုန်းအနေနဲ့တောင် အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ iOS 6.0.1 ကိုအသုံးပြုထားပါတယ်။ နောက်ဆုံးထွက် OS ပဲ ဖြစ်ပါတယ်။

Power       :Built-in rechargeable Li-Po battery
                   16.3 W·h (59 kJ), 10hr life

Processor    :    Apple A5

Storage       : 16, 32, or 64 GB flash memory

Display       :7.9-inch (LED-backlit Multi-Touch with IPS tech)
1024 × 768 px

Camera     : 5MP(rear), 1.2MP (front),

Connectivity :  Wi-Fi,  Bluetooth 4.0

Dimensions     200×134.7×7.2 mm (7.9×5.30×0.28 in)

Weight     Wi-Fi: 308 g (0.68 lb)

Wi-Fi + Cellular: 312 g (0.69 lb)

အားနည်းချက် - ယှဉ်ဘက် Tablet များထက် ဈေးပိုကြီးခြင်း၊ မျက်နှာပြင် အရည်အသွေး စိတ်တိုင်းမကျခြင်း (Low resolution)။

အားသာချက် - ပုံစံလှ၍ အကြမ်းသတ္တုအသုံးပြုခြင်း၊ ဘက်ထရီကောင်းမွန်ခြင်း၊ သုံးရလွယ်ကူသော User interface ကို အသုံးပြု ထားခြင်း။

လက်ရှိ မြန်မာပြည်မှာ iPad mini ရဲ့  ပေါက်ဈေးက 16GB ကို ၃သိန်း ၇ သောင်းဝန်းကျင် ပေါက်ပါတယ်။ 32GB, 64GB ကို တစ်သိန်းဆီ ဈေးကွာပါတယ်။ ၁ သောင်းလောက်တော့ အတက်/အကျ ရှိနေပါတယ်။ www.ads.com.mm မှာ 16GB ၃ သိန်း ၆ သောင်းနဲ့ iPad mini အသစ် (Brand new) များ ရောင်းချပေးတယ်လို့ ဆိုပါတယ်။ စိတ်ပါဝင်စား၍ အွန်လိုင်းမှ တစ်ဆင့် စုံစမ်းချင်သူများ အောက်ပါ လခ့်မှာ ဝင်ရောက် လေ့လာမှာယူနိုင်ပါတယ်။

http://www.ads.com.mm/for-sale/computer/tablet-pc/ipad-mini-usa-model-14351.html#
https://www.facebook.com/ads.com.mm


0 comments: