ကယ်လ်ဒီးနား စက်ရုံ


စက်ရုပ်လို့ လူသိများတဲ့ တတိယမျိုးဆက် တိုယိုတ ကယ်လ်ဒီးနား (Toyota Calidna) ကိုတော့ လူတိုင်း သိမယ်ထင်ပါတယ်။


ဟိုးအရင်တုန်းက သိန်း တစ်ထောင်ပေးတောင် အနားမကပ်နိုင်တဲ့ ကားတွေ သိန်း ၂၀၀ ဝန်းကျင်နဲ့ Caldina စက်ရုပ်တွေ ကြိုက်တာရွေးစီးနိုင်တဲ့ အခြေအနေကို ရောက်ရှိလာပါပြီ။ ကားဟောင်း စလစ်အပ်ပြီး ခပ်မိုက်မိုက်ကားမှ စီးချင်သူများ အသွင်းနည်းနည်းများခဲ့တဲ့ ကားဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်လေလံဈေးမှာ တောင် တက်ရိပ်ပြခဲ့လိုက်ပါ သေးတယ်။ ၂၀၀၂ ခုနှစ်မတိုင်မီ ထုတ်လုပ်တဲ့ မော်ဒယ်ကိုတော့ ကြက်တူရွေးလို့ မြန်မာခေါ်ခေါ်ကြပါတယ်။ စက်ရုပ်ဆိုတာကတော့ နောက်ဆုံးမျိုးဆက်ပဲ ဖြစ်ပါတယ်။

တံခါးငါးပေါက် စတေရှင် ဝက်ဂွန်ဖြစ်ပြီး လေးဘီးမောင်းဖြစ်တဲ့အတွက် ဆီစားကတော့ မသက်သာတဲ့ ကား ဖြစ်ပါတယ်။ အင်ဂျင်ပါဝါကတော့ ၁၈၀၀ စီစီတန်း၊ ၂၀၀၀ စီစီတန်းတွေ ရှိပါတယ်။ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၇ အထိသာထုတ်လုပ်ခဲ့တဲ့ အတွက် ကယ်လ်ဒီးနားမှာ နောက်ဆုံးထွက်တဲ့ မော်ဒယ်လို့ဆိုနိုင်ပါတယ်။

အင်ဂျင်ကို V ပုံစံမသုံးပါဘူး။ L ပုံသဏ္ဍန် အလျားလိုက် ပစ်စတင်တွဲ ၄ လုံးပူး FE, FSE, GTE အင်ဂျင်များကို အသုံးပြုပါတယ်။ ၂၀၀၅ နောက်ပိုင်းမော်ဒယ်ဆိုရင် တာဘိုချာဂျာပါ တပ်ဆင်ထားတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

တစ်နာရီ မိုင် ၁၃၀ ကတော့ သူ့ရဲ့အမြင့်ဆုံး တင်မောင်းနိုင်တဲ့ Speed ဖြစ်ပါတယ်။ ဂီယာ ၄ချက်ထိုး အော်တို အမျိုးအစားတွေချည်း အသုံးပြုထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။ မြန်မာပြည်ကို ရှားရှားပါးပါး ပြိုင်ကားပုံစံပြောင်းထားတဲ့ စက်ရုပ်တွေလည်း ဝင်တတ်ပါတယ်။ သူတို့ကျ အင်ဂျင်အားပိုကြီးသွားပြီး မောင်းနှင်နိုင်အားလည်း အများကြီးပိုသွားပါတယ်။ ဂီယာလည်း အော်တိုမဟုတ်တော့ပဲ လက်ထိုးအမျိုးအစား ဖြစ်သွားတယ်လို့ ဆိုပါတယ်။

မြန်မာပြည်ကို အဝင်များတာ ၂၀၀၂ မော်ဒယ်၊ ၂၀၀၃ မော်ဒယ်တွေဖြစ်ပါတယ်။ လေလံဈေးကချည်းဝယ်တာ ဖြစ်တဲ့အတွက် ပါတဲ့ Condition ချင်းကမတူပါဘူး။ အချို့ကျ LCD တီဗီ၊ နောက်ကင်မရာ၊ Navi, Smart Key, LED မီးလုံး အစရှိသဖြင့် အပိုဇောင်း ပစ္စည်းသစ်တွေပါပေမယ့် အချို့က နောက်မှ ကိုယ်တိုင် ပြန်လည် ဝယ်တတ်ရမယ့် ပလိမ်းတွေချည်း ဖြစ်ပါတယ်။

ဟံသာဝတီကားဈေးကွက်မှာတော့ တိုယိုတာ ကယ်လ်ဒီးနား စက်ရုပ်တွေ မြန်မာကျပ်ငွေ သိန်း ၂၃၀ ဝန်းကျင်ပေါက်နေပါတယ်။ လေလံကားဈေးကွက်မှာတော့ ဂျပန်ယန်း ၃ သိန်းရင်းရင် သုံးပျော်မယ့် စက်ရုပ် တစ်စီးရနိုင်မှာ ဖြစ်ပါတယ်။ အောက်ပါလခ့်မှာ ကိုင်တိုင်ရှာဖွေ လေ့လာနိုင်ပါတယ်။

www.motors.com.mm











0 comments: