လှလှပပ ဂျာမနီ Porsche Boxster
မြန်မာပြည်ကို ဝင်နေပါပြီ။ ဈေးနှုန်းကလည်း ဂျပန် ပြိုင် ကားများနဲ့ မတိမ်းမယိမ်းမို့လို့ ဖြစ်ပါတယ်။ သို့ပေမယ့် Porsche က ဂျာမနီ Brand ဖြစ်တဲ့အတွက် သူ့ရဲ့  Basic မော်ဒယ် ဈေးနှုန်း ဂျပန် ၂၀၀၇ နောက်ထွက်မော် ဒယ် ဈေးနဲ့ သိပ်မကွာပါဘူး။ အင်ဂျင် ဘယ်လို ကောင်း တယ်ဆိုတာ ဂျာမန်ကား မောင်းဖူးသူများ ပိုသိပါတယ်။ Boxter မှာ ထူးခြားချက် ရှိပါတယ်။ ဒါကတော့ အင်ဂျင် ပဲ ဖြစ်ပါတယ်။ မြင်နေကျ V ခွပုံသဏ္ဍန်တွေမဟုတ်ပါဘူး။ Flat အင်ဂျင်လို့ခေါ်တဲ့အလျားလိုက် အလုပ်လုပ်တဲ့ အင်ဂျင် ဖြစ်ပါတယ်။ ရည်ရွယ်ချက်က ခပ်နိမ့်နိမ့်ဆောက် မယ့် ကားဘော်ဒီနဲ့ ကာမိအောင် ဖြစ်ပါတယ်။ ဒါကြောင့် မြေ အနိမ့်အမြင့် ကြီးတဲ့ နေရာတွေ မှာ မောင်းဖို့ကျ နည်း နည်းတော့ ခက်ခဲ့ပါတယ်။
ဓာတ်ဆီကား၊ ဒီဇယ်ကား နှစ်မျိုးလုံး ထုတ်ပါတယ်။ ၁၉၉၇ ကနေ ၂၀၁၁ အထိက ဖင်လန်နိုင်ငံမှာ ထုတ်တာ ဖြစ်ပါ တယ်။ နောက်မှ ဂျာမနီ ပြောင်းထုတ်တာပါ။ Porsche ရဲ့  စက်ရုံခွဲကပဲ ဖြစ်ပါတယ်။ Roadster လို့ခေါ်တဲ့ အကြောင်း အရင်းတော့ သိမယ်ထင်ပါတယ်။ အမိုးက မိုးကာ သား ဖြစ်ပြီး အဖွင့်အပတ် အလွယ်တကူ လုပ်နိုင် လို့ ဖြစ်ပါတယ်။ ဆီစားကတော့ ၂၀၀၅ နောက်ထွက် သက်သာပါတယ်။ မော်ဒယ် လေးမျိုးခွဲတယ်လို့ ဆိုရပါမယ်။ ၁၉၉၆ ၊ ၂၀၀၀၊ ၂၀၀၃ နဲ့ ၂၀၀၄ အထက်ဆိုတာမျိုး ဖြစ် ပါတယ်။
၂၀၀၃ မော်ဒယ်အထက်လောက်ဆိုရင် မြန်မာပြည်မှာ သိန်း ၃၀၀ အထက် ပေါက်ဈေးရှိပါတယ်။ ၂၀၀၇ အထက်ကို စီးမယ်ဆိုရင်တော့ ကားသန့်ရင် သန့်သလောက် ထောင် ဂဏန်းလည်း ရောက်သွားနိုင်ပါတယ်။ အများစုကတော့ ၂၀၀၀ ဝန်းကျင်မော်ဒယ်ပဲ ဝယ်စီးတာ တွေ့ရပါတယ်။ ဒီဇိုင်းအားဖြင့်ကလည်း ထူးထူးခြားခြား ပြောင်းလဲမှု မရှိပါဘူး။ Boxter က Porshce ကားဖြစ်တဲ့ အတွက် မြန်မာပြည်မှာလည်း သိပ်များများစားစား မရှိပါဘူး။ အင်ဂျင် Performance ကျတော့ ကွာမှာ ဖြစ် ပါတယ်။ www.motors.com.mm မှာ မြန်မာကျပ် သိန်း ၂၅၀ နဲ့ခေါ်ထားတဲ့ ၁၉၉၈ မော်ဒယ် Boxter တစ်စီးတွေ့ ပါတယ်။ လေ့လာ စုံစမ်းဖို့အတွက် အောက်ပါ လခ့်မှာ ကြည့်ရှုနိုင်ပါတယ်။
http://www.motors.com.mm/car/detail/40840
https://www.facebook.com/motors.com.mm
0 comments: