ချောကလက်သည် အသက်ရှည်စေ



ချောကလက်က သဘာဝ အသက်ရှည်ဆေး ဖြစ်တယ်လို့ ဆေးပညာရှင်တို့ တင်စားခေါ်ဝေါ်ပါတယ်။

သူ့မှာ ပါဝင်တဲ့ Antioxidant ဟာ နှလုံးနဲ့ ဆက်စပ်ရောဂါတွေကို ဖြစ် မလာအောင် ကာကွယ်ပေးပါတယ်။ အနက်ရောင် ချောကလက် မှာ စတော်ဘယ်ရီသီးထက် Antioxidant  ၈ ဆ ပိုမိုပါဝင်ပါတယ်။ အခြားသော အာဟာရဓာတ်များနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ချောကလပ်တစ်ခုဟာ နိုက်ထရစ် အောက်ဆိုဒ်ဓာတ်ထုတ်လုပ်မှုကောင်းပြီး သွေးဖိအား (Blood pressure) ကို ပုံမှန်အတိုင်း ရှိအောင် လျော့ချပေးပါတယ်။ ဒါကြောင့် သွေးနဲ့ ဆက်စပ်ပြီး ဖြစ် တဲ့ ရောဂါလည်း ဖြစ်ဖို့ အလားအလာ နည်းသွားပါတယ်။

ဒါကြောင့် ချောကလပ်ကို ပုံမှန်စားသုံးခြင်းဖြင့် အသက် ရှည်နိုင်ကြောင်း ဆေးပညာရှင်နဲ့ လေ့လာသူများက ဆိုထားပါတယ်။
--
ref: medic-facts

0 comments: