ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူး တံတား



ကမ္ဘာ့အရှည်ဆုံး ပင်လ်ကူး တံတားအဖြစ် ဂင်းနစ်စံချိန်တင်ထားတာကတော့ တရုတ်နိုင်ငံ အရှေ့ ပိုင်း ရှန်ဒေါင်းပြည်နယ်က Jiaozhou Bay Bridge ဖြစ်ပါတယ်။

ရေပေါ်နဲ့ ကုန်းပေါင်း စုစုပေါင်း အရှည်မိုင် ၂၆ မိုင်နီးပါးရှိပါတယ်။ တည်ဆောက်မှု လေးနှစ်ကြာပြီး ၂၀၁၁ ခုနှစ် ဇွန်လက စတင်ဖွင့်လှစ် ပါတယ်။  လူအင်အား ၁ သောင်း အသုံးပြုထားတာ ဖြစ် ပါတယ်။ စတီး တန်ချိန်ပေါင်း ၄သိန်း၅သောင်း၊ ကွန်ကရစ်ပမာဏ ၂.၃ သန်း ကုဗ မီတာ ကုန်ကျပြီး တံတားဆောက်ရန် စုစုပေါင်း အသုံးစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံလို့ အစိုးရမှ တရားဝင်ကြေညာပါတယ်။ သို့ပေမယ့် အမှန်တကယ် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၈.၈ ဘီလျံ ဝန်းကျင်အထိ ရှိတယ်လို့ ဆိုပါတယ်။

ဆူနာမီ၊ တိုင်ဖွန်းမုန်တိုင်း၊ မြေငလျင် အကြီးစားနဲ့ အခြားသော ဘေး အန္တရာယ် အားလုံးကို ကြံ့ ကြံ့  ခံနိုင်အောင် သေချာ တွက်ချက် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ တည်ဆောက်စဉ်ခန့်မှန်း ထားချက်က တစ်ရက်ကို ကား အစီး ၃သောင်း ဖြတ်သန်းသွားလာ ဖို့ ဖြစ်ပါတယ်။ သို့ပေမယ့် တကယ်တန်းကျ စတင်ဖွင့်လှစ်တဲ့အချိန်ကစလို့ ယနေ့ထိ တစ်နှစ်ကို ကားဖြတ်သန်းသွားလာမှုက ၁ သောင်းထက် မပိုပါဘူး။ ငွေ ကုန်ကြေးကျများပြီး အသုံးဝင်မှု နည်းတဲ့ တံတား ဖြစ်ရပါတယ်။ ဒါကြောင့် ဒေသခံပြည်သူတို့က ယင်းတံတားကို Bridge to nowhere လို့တောင် အမည်ပေးထားပါတယ်။

သို့ပေမယ့် ၂၀၁၂ ဒီဇင်ဘာမှာ အသစ်ကောက်တဲ့ စစ်တမ်းအရ ယင်း တံတားဟာ ယနေ့ချိန်အထိ ပင်လယ်ကူး ကမ္ဘာ့အရှည်ဆုံး တံတား ဖြစ်ကြောင်း သိရပါတယ်။
--
Ref: wiki

0 comments: